မေလတွင်ကျင်းပမည့် ထိုင်းရွေးကောက်ပွဲကြောင့် အောက်တိုဘာလတွင် စတင်မည့် ၂၀၂၄ ဘတ်ဂျက်နှစ်အတွက် ဘတ်ဂျက် ဒေါ်လာ ၉၈.၃၈ ဘီလီယံ (ထိုင်းဘတ် ၃.၃၅ ထရီလီယံ) သည် လေးလ (သို့မဟုတ်) ငါးလခန့်နောက်ကျမည်ဖြစ်ကြောင်း ဘတ်ဂျက်ဗြူရိုက ကြာသပတေးနေ့က ပြောကြားခဲ့သည်။
အဆိုပါဘတ်ဂျက်သည် ထိုင်းစီးပွါးရေးကိုအဓိကထောက်ပံ့ပေးရန်ဖြစ်ပြီး ပြည်တွင်းစီးပွားရေးသည် ယမန်နှစ်က တကမ္ဘာလုံးဝယ်လိုအားကျဆင်းခြင်း၊ ပို့ကုန်လျော့နည်းခြင်း၊ ခရီးသွားလုပ်ငန်းကျဆင်းခြင်းတို့ကြောင့် ၂.၆ ရာခိုင်နှုန်းသာ တိုးတက်ခဲ့သည်။ ဖြစ်လာမည့် အစိုးရသစ် ပေါ်လစီအသစ်ကြောင့် ဘတ်ဂျက်ချထားခြင်းကို ဆိုင်းငံ့ထားကြောင်း Budget Bureau ခေါင်းဆောင် Chalermphol Pensoot ကဆိုသည်။ ဇူလိုင်လတွင်အစိုးရသစ်ဖွဲ့နိုင်လျှင် အစောဆုံး ဇန်နဝါရီ၊ ဖေဖော်ဝါရီတွင် ဘတ်ဂျက်သုံးစွဲခွင့်ရရှိနိုင်မည်ဟု သူကဆိုသည်။
မေလ ၁၄ ရက်နေ့ထိုင်းရွေးကောက်ပွဲသည် ဝန်ကြီးချုပ် ပရာရွတ်ပါဝင်သည့် စစ်ဘက်ကွန်ဆာဗေးတစ်အုပ်စုနှင့် ဘီလီယံနာ ရှင်နဝထရာမိသားစုဦးဆောင်သည့် အတိုက်အခံ Pheu Thai ပါတီတို့ အားပြိုင်မည့် နိုင်ငံရေးတိုက်ပွဲဖြစ်သည်။
ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Source: CNA, Reuters
Photo: Reuters