Photo: Bangkok Post/Chanat Katanyu
Thai Airway International worker’s Union ( ထိုင်းအဲဝေး လေကြောင်းလုပ်သားများ သမ္မဂ) မှ လူအယောက် ၁၀၀ ကျော်ဟာ မနေ့က (၀၂-၀၃-၂၀၂၀) မနက်ပိုင်းမှာ ထိုင်းအစိုးရုံးရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။ သူတို့ရဲ့ အဓိကရည်ရွယ်ချက်ကတော့ ခုလက်ရှိ Thai Airway ရဲ့ လေယာဉ်ပြုပြင်ထိန်းသိမ်းရေးစခန်းကို အူတာပါအိုလေဆိပ်ကနေ ရွေ့ပြောင်းတော့မဲ့ ကိစ္စ လက်မခံနိုင်ကြောင်း ဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာကို သိစေလိုတာကြောင့်ဖြစ်ပါတယ်။ ဒီရွေ့ပြောင်းမှုသာ လုပ်ဖြစ်ခဲ့ရင် လေယာဉ်ပြုပြင်ထိန်းသိမ်းရေး စခန်းမှာ အလုပ်လုပ်နေတဲ့သူတွေရယ်၊ သူတို့မိသားစုတွေရယ် စုစုပေါင်း လူ ၁၅၀၀ လောက်ဟာ အခက်အခဲတွေနဲ့ ကြုံရမှာ ဖြစ်ကြောင်း ဆန္ဒပြသူတွေက အရေးဆိုထားပါတယ်။
ဆန္ဒပြသူတွေနဲ့ တချိန်တည်းမှာပဲ လေကြောင်းအလုပ်သမားများ သမ္မဂ ဥက္ကဋ္ဌကလည်း ဝန်ကြီးချုပ်ရုံးကို သူတို့သမ္မဂရဲ့ ဆန္ဒသဘောထားပါဝင်တဲ့ အကြောင်းကြားစာ တင်သွင်းခဲ့ပါတယ်။ ဒါပေမဲ့ ထိုင်းနိုင်ငံရဲ့ Eastern Economic Corridor Office (EECO) က သမ္မဂကို အကြောင်းပြန်ရာမှာ အူတာပါအို လေဆိပ်ဟာ ဒီနှစ်ကုန်မှာ Airport City အဖြစ် ဘတ်သန်း ၂၉၀ လောက်အကုန်အကျခံကာ အဆင့်မြင့်တင်မှာဖြစ်ပြီး Thai Airway ရဲ့ လေယာဉ်ပြုပြင်ထိန်းသိမ်းရေးစခန်းရှိရာ ဧက ၆၀ကျော်ဟာ စီမံကိန်း ဧရိယာထဲပါဝင်နေတာကြောင့် မဖြစ်မနေ ရွှေ့ပြောင်းပေးရမယ်လို့ ဆိုသွားပါတယ်။
သမ္မဂအနေနဲ့ကတော့ တကယ်လို့ မဖြစ်မနေ ရွေ့ပေးရမယ်ဆိုရင် နစ်နာသွားမဲ့ လူဦးရေ ၁၅၀၀ အတွက် EECO အနေနဲ့ လျော်ကြေးတစုံတရာပေးသင့်တယ်လို့ ဆိုပါတယ်။ ဘာလို့လဲဆိုတော့ EECO ကပြန်ဖွင့်ပေးမဲ့ လေယာဉ်ပြုပြင်ထိန်းသိမ်းရေးစခန်းအသစ်က ၂၀၂၃ကြမှ စတင်လည်ပတ်နိုင်မှာဖြစ်လို့ပါ။ ဒီတော့ ဒီကြားထဲမှာ သူတို့အနေနဲ့ အလုပ်သစ်ရှာဖို့ခက်သလို့၊ နေစရာနေရာအခက်အခဲ၊ ကလေးတွေရဲ့ ပညာရေးအခက်အခဲတွေပါ ကြုံရမှာပါ။
Eastern Economic Corridor Office (EECO) ဆိုတာကတော့ ထိုင်းနိုင်ငံအရှေ့ပိုင်း ပြည်နယ်(၃)ခုရဲ့ အထူးစီးပွားရေးဇုန်တွေကို ဖော်ဆောင်ဖို့ဖွဲ့စည်းထားတဲ့ အဖွဲ့ဖြစ်ပြီး ပက်ထရားကမ်းခြေတည်ရှိရာ ပက်ထရားမြို့မှာ အခြေစိုက်ပါတယ်။ ထိုင်းနိုင်ငံဟာ သူတို့နိုင်ငံအတွင်း ကမ္ဘာလှည့်ခရီးသွားဝင်ရောက်မှုကို တိုးမြှင့်ရန်ကြိုးစားနေပြီး လက်ရှိမှာ သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာလေဆိပ်နဲ့ ဒွန်းမောင်းအပြည်ပြည်ဆိုင်ရာလေဆိပ် ၂ခုရှိနေပြီး ခုအခါမှာ ဘန်ကောက်နဲ့ မိုင် ၁၀၀ လောက်ဝေးတဲ့ အူတာပါအိုလေဆိပ်ကို Airport City အဖြစ်အဆင့်မြှင့်တင်ဖို့ ကြိုးစားနေတာပဲဖြစ်ပါတယ်။
ကူးယူဖော်ပြခွင့်မပြုပါခင်ဗျား။
Source: Bangkok Post