0

Tesla က ရှန်ဟိုင်းတွင် ဘက်ထရီစက်ရုံသစ် ဆောက်မည်

Share

အီလွန်မက်ခ်၏ လျှပ်စစ်ကားကုမ္ပဏီ Tesla သည် တရုတ်တွင် လုပ်ငန်းချဲ့ထွင်သည့်အနေဖြင့် ဘက်ထရီအမြောက်အများ ထုတ်လုပ်နိုင်သော စက်ရုံသစ် ၁ ခု တည်ဆောက်သွားမည်ဟု ကြေညာခဲ့သည်။

ရှန်ဟိုင်းရှိ စက်ရုံသစ်သည် ၁ နှစ်လျှင် “Megapack” ဟု အမည်ရသည့် လုံခြုံမှုဆိုင်ရာ စိတ်အချရဆုံး လျှပ်စစ်ကား ဘက်ထရီ ၁၀,၀၀၀ ကို ထုတ်လုပ်နိုင်မည်ဟု ကုမ္ပဏီက ဆိုသည်။
Megapack ၏ စွမ်းအင်သိုလှောင်ထားနိုင်မှုမှာ အိမ်ခြေ ၃,၆၀၀ ကို ၁ နာရီ လျှပ်စစ်ဓါတ်အားပေးနိုင်သည်ဟု သိရသည်။

စက်ရုံကို ယခုနှစ် နှောင်းပိုင်းတွင် စတင် တည်ဆောက်သွားမည်ဖြစ်ပြီး လာမည့် ၂၀၂၄ နွေရာသီတွင် ဘက်ထရီထုတ်လုပ်ရေးကို စတင်နိုင်မည်ဟု တရုတ်သတင်းဌာနက ဆင်ဟွာက ဖေါ်ပြထားသည်။
ကုမ္ပဏီသည် အမေရိကန်လုပ်ငန်းဖြစ်သော်လည်း တရုတ်နိုင်ငံတွင် အဆင့်မြင့်နည်းပညာများကို တည်ဆောက်နေမှုကြောင့် အစိုးရဘဏ္ဍာရေးအကူအညီများ ထောက်ပံ့ရန် တားမြစ်ကြောင်း ဘိုင်ဒင်အစိုးရက ယမန်နှစ်က ကြေညာခဲ့သည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: BBC Business, Tesla, Inside EVs, WSJ
Image: CNBC Business

%d bloggers like this: