Tesla သည် lockdowns များဖြေလျှော့ပေးမှုကြောင့် စက်ရုံများပြန်လည် လည်ပတ်လာနိုင်ပြီး ကယ်လီဖိုးနီးယား ဖရီးမန့်ရှိ ကားစက်ရုံတွင် ကားထုတ်လုပ်မှု ပိုမိုမြှင့်တင်တော့မည့်အတွက် မြောက်အမေရိကားရှိ သူ၏လျှပ်စစ်ကားဈေးနှုန်းများ လျှော့ချမည်ဟု ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ကြေငြာခဲ့သည်။
Lockdowns ကာလအတွင်း ဈေးကွက် ဝယ်လိုအား အေးနေခဲ့ပြီး lockdowns ဖြေလျှော့ပေးပြီးနောက် Model S, Model X နှင့် Model 3 တို့၏ ကားဈေးနှုန်းများ လျှော့ချမည့် သတင်းထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
သို့သော် Tesla ကဈေးဘယ်လောက်ထိ လျှော့မည် နှင့် ဘယ်တော့ လျှော့ချမည်ဆိုသည်ကို တိတိကျကျ မသိရသေးချေ။
ကုမ္ပဏီ၏ website တွင် Model S ၏ယခုပေါက်ဈေးသည် ဒေါ်လာ ၇၉,၉၉၀ ရှိပြီး ပြိုင်ကားအမျိုးအစား Model X ဈေးနှုန်းသည် ဒေါ်လာ ၈၄,၉၉၀ မှစ၍ ဝယ်ယူနိုင်ကြောင်း ကြေငြာထားသည်။ ဈေးအသက်သာဆုံး Model 3 သည် ဒေါ်လာ ၃၇,၉၉၀ ရှိကြောင်း website တွင်ဖော်ပြထားသည်။
Tesla သည်သူ၏ လုပ်ထုံးလုပ်နည်းအတိုင်း အမေရိကန်တွင် ကားဈေးလျှော့ချပြီးလျှင် တရုတ်ပြည်တွင်လည်း ဈေးလျှော့ချမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Tesla China က တင်သွင်းလာသော Model S နှင့် Model X ဈေးနှုန်းများကိုသာ လျှော့ချမည်ဖြစ်ပြီး ပြည်တွင်းထုတ် Model 3 ကားများကိုတော့ မူလအတိုင်း ဈေးနှုန်းမပြောင်းလဲပဲ ရောင်းချမည်ဖြစ်ကြောင်း ကြေငြာထားသည်။
ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Source: REUTERS