0

ကပ်ရောဂါအတွင်း ဆက်လက်ရောင်းချပေးနိုင်ရန် ဗြိတိန်နိုင်ငံရဲ့ အကြီးဆုံး စူပါမားကတ်ကုမ္ပဏီ Tesco က ဝန်ထမ်းသစ် ၃၅၀၀၀ ထပ်ခန့်

Share

          ဗြိတိန်နိုင်ငံရဲ့ အကြီးဆုံး လက်လီပစ္စည်းရောင်းချတဲ့ ကွန်ယက်ကြီးကို ပိုင်ဆိုင်ထားတဲ့ Tesco ကုမ္ပဏီက သူတို့ဟာ ပြီးခဲ့တဲ့ ၁၀ရက်အတွင်းမှာ ဝန်ထမ်းသစ်ပေါင်း ၃၅၀၀၀ ကိုခန့်အပ်ခဲ့တယ်လို့ မနေ့က (၃၁-၀၃-၂၀၂၀) ထုတ်ပြန်ခဲ့ပါတယ်။ ကပ်ရောဂါဟာ ဗြိတိန်နိုင်ငံတွင်းမှာ ဆက်လက်ပြန့်ပွားနေပြီး လူသုံးကုန်ပစ္စည်းတွေ ဝယ်လိုအားဆက်တိုက်မြင့်တက်နေတဲ့အတွက် ဒီဝယ်လိုအားကို ကာမိအောင် ခန့်ထားရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ Tesco ကုမ္ပဏီဟာ ဗြိတိန်နိုင်ငံမှာ ဝန်ထမ်းအများဆုံးနဲ့ လည်ပတ်နေတဲ့ ကုမ္ပဏီဖြစ်ပြီး UK နဲ့ အိုင်ယာလန်နိုင်ငံ အားလုံးပေါင်းမှာဆိုရင် ဆိုင်ခွဲပေါင်း ၃၈၀၀ ရှိပြီး ဝန်ထမ်းစုစုပေါင်း ၃၄၀၀၀၀ (၃သိန်း ၄သောင်း) လောက်ရှိပါတယ်။
          အသစ်ခေါ်ထားတဲ့ ဝန်ထမ်းတွေကို စူပါမားကတ်အတွင်း ပစ္စည်းစီတဲ့နေရာတွေ၊ အွန်လိုင်းကမှာယူတဲ့ အော်ဒါတွေကို လက်ခံတဲ့နေရာတွေမှာနေရာတွေမှာ နေရာချမှာ ဖြစ်သလို၊ delivery လိုက်ပို့ပေးဖို့ ဒရိုင်တွေအပြင် ဖျားနာလို့ဆေးရုံတက်နေရတဲ့လူတွေ၊ သီခြားခွဲထုတ်ခံနေရတဲ့ သူတွေနေရာမှာ အစာထိုးမှာ ဖြစ်တယ်လို့သိရပါတယ်။ Tesco ရဲ့ CEO ဒေ့ဗ်လီ၀၀်က ဖောက်သည်တွေဆီပြန်ကြားတဲ့ စာထဲမှာဆိုရင် နိုင်ငံအဆင့် ပိတ်ဆို့မှုလုပ်ခဲ့တာ ၁ပတ်ကျော်လာခဲ့ပြီးနောက် ကြောက်လန့်တကြားဈေးဝယ်တာတွေ မရှိသလောက် နည်းသွားပြီ အရာအားလုံးပြန်တည်ငြိမ်နေပါပြီ။ ခုဆိုရင် သူတို့ရဲ့ ကုန်တိုက်အသီးသီးမှာ အသီးအရွက်၊ အသားငါး လတ်လတ်ဆတ်ဆတ်တွေ ပြန်ရနေပါပြီ။ ဒါပေမဲ့ တချို့ လူသုံးကုန်ပစ္စည်းတွေကတော့ စက်ရုံတွေနားထားတဲ့အတွက် ရက်အနည်းငယ်လောက် ထပ်စောင့်ပြီးမှ ကုန်တိုက်မှာ ပြန်တင်နိုင်မယ် လို့ပါရှိပါတယ်။

ကူးယူဖော်ပြခွင့်မပြုပါ။
Source: Reuters
Photo: metro.co.uk

%d bloggers like this: