တရုတ်အင်တာနက် ကုမ္ပဏီကြီး Tencent သည် လူသုံးများသော messaging app တခုဖြစ်သည့် WeChat ပေါ်တွင် နိုင်ငံခြားသား users များမှတင်သော သတင်းပို့စ်များ၊ အကြောင်းအရာများအား ဆင်ဆာအတွက် စောင့်ကြည့်နေကြောင်း ပြောကြားခဲ့သည်။
ကမ္ဘာတဝှမ်း၌ WeChat application အသုံးပြုသူ ၁ ဘီလျံကျော်ရှိပြီး app ပေါ်တွင် နေ့စဉ်လူမှုဘဝ အကြောင်းအရာများ ရေးသား ဖြန့်ဝေနိုင်ခြင်း၊ ဈေးဝယ်ခြင်း၊ ငွေပေးချေခြင်းအပါအဝင် taxi ကားငှားသည်အထိ လုပ်ဆောင်နိုင်သည်။
Social media နှင့် messaging platform များအား စောင့်ကြည့်ခြင်းနှင့် ဆင်ဆာဖြတ်တောက်ခြင်းသည် တရုတ်ပြည်တွင် ဆန်းကျယ်သော ကိစ္စတရပ် မဟုတ်သည့်နည်းတူ ဘေဂျင်းအားဆန့်ကျင်သည့် သံသယဖြစ်ဖွယ် အကြောင်းအရာပါဝင်သော ပို့စ်များသည် မကြာခန ပိတ်ခံရပြီး ဖယ်ရှားခံရလေ့ရှိသည်။
တိုရန်တို တက္ကသိုလ်မှ သုတေသနစင်တာ တခုဖြစ်သည့် Citizen Lab မှ ထုတ်ပြန်ချက်တခုတွင် တရုတ်ပြည်တွင် မှတ်ပုံတင်ထားခြင်းမဟုတ်သော အကောင့်များမှ ရေးသားထားသော သတင်းနှင့် ဓါတ်ပုံများသည် စောင့်ကြည့်ခံရနိုင်ချေရှိပြီး ထိုအချက်အလက်များကို database တည်ဆောက်ရာ၌ အသုံးပြုခံနိုင်ရချေရှိသည်ဟု ဖော်ပြထားသည်။
Tencent ကအဆိုပါ ကိစ္စရပ်နှင့် ပါတ်သတ်၍ အသုံးပြုသူ users များ၏ privacy နှင့် အချက်အလက် လုံခြုံရေးသည် ကုမ္ပဏီ၏ ပထမဦးစားပေးဖြစ်သည်ဟု CNBC သတင်းဌာနသို့ ပြောကြားခဲ့သည်။
နိုင်ငံတကာမှ users များအား စောင့်ကြည့်နေသည်ဆိုသော သတင်းနှင့်ပါတ်သက်ပြီး ကုမ္ပဏီ ပြောရေးဆိုခွင့်ရှိသူ တဦးက “WeChat ပေါ်တွင် နိုင်ငံတကာမှ users များအချင်းချင်း မျှဝေနေကြသော သတင်းအချက်အလက်များသည် Private ဖြစ်ကြောင်း၊ အများပိုင်ကုမ္ပဏီအဖြစ် စာရင်းတင်ထားပြီး နိုင်ငံတကာ ကုမ္ပဏီတခုဖြစ်သော Tencent သည်အရည်အသွေးအမြင့်မားဆုံး ဖြစ်အောင် တည်ဆောက်နေကြောင်း၊ ကုမ္ပဏီက ကိုင်တွယ်နေသည့် စည်းမျဉ်းစည်းကမ်းနှင့် လုပ်ထုံးလုပ်နည်းများအားလုံးသည် လုပ်ငန်းတည်နေရာနိုင်ငံများ၏ ဥပဒေနှင့်အညီ အလုပ်လုပ်နေကြောင်း” ဖြေကြားခဲ့သည်။
အဆိုပါသတင်းကြောင့် အမေရိကန်သည် တရုတ်ပိုင် ကုမ္ပဏီများမှ ဝန်ဆောင်မှုပေးနေသည့် app များမှတဆင့် data အချက်အလက်များ ပေါက်ကြားနိုင်ဖွယ် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်စေခဲ့သည်။ ပြီးခဲ့သည့်နှစ်တွင် social media ပေါ်တွင် ရေပန်းစားလာသည့် TikTok application နှင့် ပါတ်သက်၍ နိုင်ငံ၏ လုံခြုံရေး စမ်းစစ်ချက်အား ဝါရှင်တန်မှထုတ်ပြန်ခဲ့သည်။ TikTok သည် ဘေဂျင်းအခြေစိုက် ByteDance ကုမ္ပဏီမှ ပိုင်ဆိုင်ပြီး အနုပညာရှင်များနှင့် လူငယ်များအကြား အလွန်ရေပန်းစား အသုံးများလာသော application တခုဖြစ်သည်။
သို့သော် တရုတ်အစိုးရ၏ ညွှန်ကြားချက်အရ နိုင်ငံတကာမှ WeChat users များအပေါ် Tencent ကစောင့်ကြည့်နေသည်ဟူသည့် အထောက်အထားများ ခိုင်လုံစွာ မရှိကြောင်း Citizen Lab မှပြောကြားခဲ့သည်။
အဆိုပါသုတေသီများသည် တရုတ်တွင် မှတ်ပုံတင်ထားခြင်းမရှိသော အကောင့်များနှင့် တရုတ်တွင် တရားဝင်မှတ်ပုံတင်ထားသော အကောင့်များအား ဆက်သွယ်ခြင်းဖြင့်ရရှိလာသော အခြေအနေ ၂ ရပ်အပေါ်အခြေခံ၍ ထိုကဲ့သို့ခန့်မှန်းချက်များ ထုတ်ခဲ့ခြင်းဖြစ်သည်။
တရုတ်မှတ်ပုံတင်မဟုတ်သော အကောင့်များထံသို့ဓါတ်ပုံများ အချက်အလက်များ ပေးပို့စေခဲ့ပြီး Tencent မှ ဆင်ဆာဖြတ်ထားပါက အဆိုပါ အချက်အလက်များ အသိမ်းခံရမည်ဖြစ်ပြီး တရုတ်ပြည်မှ users များသည် အဆိုပါ အချက်အလက်များကို မြင်ရမည် မဟုတ်ပေ။
နိုင်ငံရေးနှင့် ပါတ်သတ်သော အကြောင်းအရာများအား တရုတ်မှတ်ပုံတင် မဟုတ်သည့် အကောင့်များအချင်းချင်းပေးပို့ခဲ့ရာ နိုင်ငံရေးနှင့် ငြိစွန်းသည်ဟု သတ်မှတ်ခံရပြီး တရုတ်မှတ်ပုံတင်ထားသည့် အကောင့်များထံသို့ ပေးပို့သည့်အခါ၌ ဆင်ဆာဖြတ်ခံခဲ့ရာမှ စောင့်ကြည့်ခံနေရသည် ဟူသော သံသယများ ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်ဟု Citizen Lab ကဆိုသည်။
WeChat နိုင်ငံခြားအကောင့်များသည် ဆင်ဆာမထိသော်လည်း တရုတ်တွင် Tencent ၏ ဆင်ဆာဖြတ်တောက်မှု ကြေငြာခဲ့ပြီးနောက် စောင့်ကြည့်ခံနေရသည်မှာ သေချာကြောင်း လေ့လာသူများကဆိုသည်။
ထို့ကြောင့် တရုတ်နည်းပညာကုမ္ပဏီကြီးက သူ၏နိုင်ငံတွင်းစည်းကမ်းဘောင်များကို ကျော်လွန်၍ နိုင်ငံတကာ users များအား စောင့်ကြည့်နေသည်မှာ ပိုမိုထင်ရှားစေခဲ့သည်။
ယခင်တုန်းကလည်း Tencent ၏ဆင်ဆာဖြတ်တောက်မှုသည် နိုင်ငံခြားမှ users များအပေါ်သက်ရောက်မှု သက်သေအခိုင်အမာမရှိခဲ့ပေ။ သို့သော် ယခုထုတ်ပြန်ချက်က Tencent သည် သူ၏အစိုးရ၏ တင်းကြပ်သော ဆင်ဆာဖြတ်တောက်မှုအား အားပေးကူညီရန်အတွက် နိုင်ငံတကာမှ users များအား စောင့်ကြည့်နေကြောင်း ပိုမိုပေါ်လွင်စေခဲ့သည်။
ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Source: CNBC News
Image: Getty images