ပြည်တွင်းထုတ်ဂျက်လေယာဉ်အသစ် စွမ်းရည်များထိုင်ဝမ်ပွဲထုတ်ပြသ

ထိုင်ဝမ်လေတပ်သည် ယခင်ကရှိပြီးသား လေယာဉ်ဟောင်းများတွင်အစားထိုးမည့် ပြည်တွင်းထုတ် အဆင့်မြင့်နည်းပညာသုံး ဂျက်လေယာဉ်၏ တိုက်ခိုက်ရေးစွမ်းရည်ကို ဗုဒ္ဓဟူးနေ့က ပွဲထုတ်ပြသခဲ့သည်။

ထိုင်ဝမ်၏လက်နက်များကို အမေရိကန်မှအများဆုံးတပ်ဆင်ထားသော်လည်း သမ္မတ Tsai Ing-wen ကပြည်တွင်း၌ အဆင့်မြင့်တိုက်ခိုက်ရေးလက်နက်ပစ္စည်းများ ထုတ်လုပ်နိုင်ရန်ဦးစားပေးလျက်ရှိသည်။

AT-5 Brave Eagle ဂျက်အသစ်မှာ ဒေါ်လာ ၂.၃ ဘီလီယံဖြင့် နိုင်ငံပိုင် လေတပ်ထုတ်လုပ်ရေးစခန်းမှ ထုတ်လုပ်ခဲ့ပြီး ၎င်း၏ပထမဦးဆုံး စမ်းသပ်ပျံသန်းမှုကို ၂၀၂၀ ခုနှစ်တွင် ပြုလုပ်ခဲ့သည်။

Brave Eagle ဂျက်လေယာဉ် ၃ စင်းအား ထိုင်ဝမ်အရှေ့ဖက်ကမ်း Chihhang လေဟာနယ်တွင် သတင်းထောက်များရှေ့မှောက်၌ ပျံသန်းပြသခဲ့သည်။ Brave Eagle သည် air-to-air နှင့် air-to-ground တိုက်ခိုက်ရေးနှစ်မျိုးလုံးအတွက် သင့်လျော်ပြီး ပြေးလမ်းတိုကိုအသုံးပြု၍ ဆင်းသက်နိုင်သည်ဟု လေ့ကျင့်ရေးအရာရှိ Chang Chong-hao ကဆိုသည်။ စမ်းသပ်ဆဲအဆင့်၌သာရှိသော်လည်း စစ်ပွဲအတွက်လိုအပ်ပါက လက်နက်တပ်ဆင်အသုံးပြုနိုင်ရန် ဒီဇိုင်းထုတ်ထားသည်ဟုသိရှိရသည်။

ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Source: Aviation International News, Reuters
Photo: Aviation International News

Leave a Reply

Your email address will not be published.