0

ကိုရိုးနားပိုး အကြီးအကျယ်ပြန့်စေခဲ့သူ အိန္ဒိယ အမျိုးသားကြောင့် လူ ၄၀,၀၀၀ သီးခြားနေထိုင်နေရပြီဖြစ်

Share

 

မကြာသေးခင် အချိန်က အိန္ဒိယနိုင်ငံတွင် ပိုးအကြီးအကျယ်ပြန့်စေခဲ့သူ “Super-spreader” တယောက်ထွက်ပေါ်လာခဲ့ပြီး သူသည် သီးခြားနေထိုင်ရန်ငြင်းဆိုခဲ့ပြီး ယခုအခါ ထိုပုဂ္ဂိုလ်ကြောင့် အိန္ဒိယနိုင်ငံသား ၄ သောင်းခန့် သီးခြားနေထိုင်မှု၊ စောင့်ကြည့်ခံရမှုရှိနေပြီဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားသည်။
နိုင်ငံမြောက်ပိုင်းရှိ ရွာ ၂၀ ခန့်မှ ရွာသားများသည် အဆိုပါ အသက် ၇၀ အရွယ်ပုဂ္ဂိုလ် နှင့် ဆစ်ခ် ဘာသာရေးပွဲတော်တွင် ထိတွေ့မှု ရှိခဲ့ကြပြီး ပွဲတော် ကျင်းပရာ ၆ ရက်ကာလအတွင်း တစ်ရက်လျှင် လူ ၁သောင်းခန့် ထိတွေ့မှုရှိခဲ့ခြင်းဖြစ်သည်။
အဆိုပါပုဂ္ဂိုလ်သည် အီတလီ၊ ဂျာမဏီ နိုင်ငံများမှ ခရီးသွားပြန်လာသူဖြစ်ပြီး ပြန်ရောက်ရောက်ချင်း သီးခြားနေထိုင်ရန် Quarantine ကို ငြင်းဆန်ခဲ့သည်။ ထိုသို့ ငြင်းဆန်ခဲ့သည်သာ မက ဘာသာရေးပွဲတော်သို့လည်း သွားရောက်ခဲ့ရာ၊ ပွဲတော်သွားအပြီးတွင် ကိုရိုးနားဗိုင်းရပ်စ် သံသယဖြင့် သေဆုံးသွားခဲ့သည်။
ထိုသူ သေဆုံးပြီးနောက် အနီးဆုံးရှိ ဆွေမျိုး ၁၉ ယောက်ကို ပိုးစစ်ခဲ့ရာ ၁၉ ဦးစလုံးတွင် ကိုရိုးနားဗိုင်းရပ်စ် ရှိနေခဲ့သည်။
ဌာနဆိုင်ရာ အရာရှိတစ်ယောက်က “ခုထိတော့ ကျွန်တော်တို့ လူအယောက် ၅၅၀ လောက်ကိုပဲ ဆက်သွယ်နိုင်ပါသေးတယ်။ ဒါပေမယ့် သူနဲ့တွေ့ခဲ့တဲ့ ပုဂ္ဂိုလ်အရေအတွက်က အဲ့လောက်မကဘူးဗျ။ ရွာ ၁၅ ရွာကို ကျွန်တော်တို့ တားဆီးပိတ်ဆို့မှုတွေတော့ လုပ်ပြီးပြီ။ နောက်ထပ် ရွာ ၅ ရွာကိုလည်း မကြာခင် ပိတ်ဆို့သွားမှာပါ” ဟု ပြောကြားသည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Orio Economics

source: bi, afp

%d bloggers like this: