0

Brexit ဟာ UK ရေပိုင်နက်ကနေ Super Trawler တွေကို မောင်းထုတ်ဖို့ အခွင့်အရေးတစ်ရပ်လား

Share

photo : oceanographic magazine

          Super Trawler ဆိုတာကတော့ ပုံမှန်ငါးဖမ်းစက်လှေတွေ၊ ငါးဖမ်းသင်္ဘောတွေထက် ပိုကြီးတဲ့ ဆွဲပိုက်ပါ ငါးဖမ်းသင်္ဘောကြီးတွေပါ။ အရမ်းကြီးလွန်းတာကြောင့် သူတို့ကို Floating Factory လို့ခေါ်ကြပြီး ငါးဖမ်းနိုင်စွမ်းအားရော၊ ဝမ်းဗိုက်ထဲမှာ သိုလှောင်နိုင်စွမ်းအားပါ မြင့်မားတဲ့ သင်္ဘောကြီးတွေပါ။ သူ့ရဲ့ နာမည်ဆိုးနဲ့အကျော်ကြားဆုံးအချက်က ငါးဖမ်းပိုက်ဖြစ်ပြီး ကျားပါးစပ်လိုဖြစ်နေတဲ့ သူ့ဆွဲပိုက်ကြီးဟာ အဝအကျယ် မီတာ ၂၀၀ လောက်ရှိပြီး မီတာ ၆၀၀ လောက်ရှည်ပါတယ်။ (ဆူးလေက ဆာကူရာ တာဝါဟာ မီတာ ၁၀၀ မြင့်တဲ့အတွက် ဒီဆွဲပိုက်ကြီးရဲ့ အဝဟာ ဘယ်လောက်ကျယ်လဲ ခန့်မှန်းကြည့်နိုင်ပါတယ်။) သဘောကတော့ ဒီသင်္ဘောကြီးတွေ ပိုက်ဆွဲပြီဆို ရေမျက်နှာပြင်ကနေ ပင်လယ်ကြမ်းပြင်ထိ ပိုက်ထဲဝင်လာသမျှသိမ်းကြုံးပြီး ပါသွားတော့တာပါပဲ။
          အင်္ဂလန်ဟာ အရင်တုန်းက EU မှာလက်မှတ်ထိုးထားတဲ့ အတွက် သတ်မှတ်စည်းကမ်းနဲ့ညီတဲ့ Super Trawler ကြီးတွေကို UK ရေပိုင်နက်မှာ ငါးဖမ်းခွင့်ပေးနေရပါတယ်။ ဒါပေမဲ့ ဒီသင်္ဘောကြီးတွေ ငါးစဖမ်းပါပြီဆိုကတည်းက သမုဒ္ဒရာနဲ့ ပင်လယ်သယံဇာတ ထိန်းသိမ်းစောက်ရှောက်ရေးအဖွဲ့တွေရဲ့ ဆန္ဒပြတာကို ခံခဲ့ရတာပါ။ ဒါပေမဲ့ အစိုးရကလည်း ကိုယ့်အပြစ်နဲ့ကိုယ်ဆိုတော့ လက်ပိုက်ကြည့်နေခဲ့ရပါတယ်။ ခုတော့ EU ကထွက်လိုက်ပြီဖြစ်တဲ့အတွက် Super Trawler တွေကို UK ရေပိုင်နက်ကနေ မောင်းထုတ်မဲ့ ဥပဒေထွက်ပေါ်လာဖို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေက ဗြိတိန်အစိုးရကို ဝိုင်းဝန်းဖိအားပေးနေကြပါတယ်။

ဒီပုံကတော့ Greenpeace UK က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေ Super Trawler နားမှာ ဆန္ဒသွားပြနေပုံဖြစ်ပါတယ်

ဒီပုံကတော့ Greenpeace အဖွဲ့ ထုတ်ပြန်ထားတဲ့ Super Trawler ဆန့်ကျင်ရေးပိုစတာဖြစ်ပါတယ်။ ပုံမှာပြထားတဲ့အတိုင်း သူ့ဆွဲပိုက်ကြီးတွေဟာ Jumbo Jet လေယာဉ် ၁၃စီးလောက် ထည့်ထားလို့ရအောင် ကြီးပါသတဲ့

ဒါကတော့ Super Trawler ကြီးတစ်စီး ပိုက်ဆွဲနေပုံဖြစ်ပါတယ်။

ကူးယူဖော်ပြခွင့်မပြုပါခင်ဗျား။

Source : The Gurdian

%d bloggers like this: