အချို့သော Starbucksဆိုင်ခွဲများတွင်.လိင်တူချစ်သူများ၏ pride month အလှဆင်ခြင်းကို ခွင့်မပြုသဖြင့် လာမည့် အပတ်တွင် Starbucks.အလုပ်သမားများကို ကိုယ်စားပြုဖွဲ့စည်းထားသည့် သမဂ္ဂကဦးစီး၍ ဆန္ဒပြသွားမည်ဖြစ်ကြောင်း သိရသည်။
Starbucks Workers United ဟု အမည်ရသည့် အဆိုပါ.သမဂ္ဂအနေဖြင့် ယခုကဲ့သို့ pride month အတွက်.လှုပ်ရှားမှုသာမက အလုပ်သမားများ၏ အခွင့်အရေးနှင့်.ရပိုင်ခွင့်များကိုပါ တိုက်တွန်းတောင်းဆိုသွားမည်ဟု ထုတ်ဖော်ပြောကြားထားသည်။
Starbucks အနေဖြင့် အမေရိကန်တဝှမ်းတွင် ဆိုင်ခွဲပေါင်း 9000 ကျော်ဖွင့်လှစ်ထားပြီး ယခု လှုပ်ရှားမှုတွင် ဆိုင်ခွဲပေါင်း 150ကျော်မှ အလုပ်သမား.3000 ကျော်ပါဝင်မည်ဖြစ်ကာ ယခုသတင်းကြောင့် Starbucks၏ ရှယ်ယာများ 2.5 ရာခိုင်နှုန်းကျဆင်းသွားကြောင်း သိရသည်။
လာမည့်အပတ်တွင် အမေရိကန်၌ လိင်တူချစ်သူများ၏ Pride month ဆင်နွှဲခြင်းကို အဓိကရမြို့ကြီးများဖြစ်သော နယူးယောက်၊ ဆန်ဖရန်စစ်စကို၊ ဆီယက်တဲနှင့် ချီကာဂိုမြို့များတွင် ခြိမ့်ခြိမ့်သဲ ကျင်းပသွားမည်ဖြစ်ပြီး Starbucks၏ အချို့ဆိုင်ခွဲများရှိ မန်နေဂျာများသည်.pride month အထိမ်းအမှတ် အလံများ၊ အလှဆင်ခြင်းများ ကန့်သတ်ခြင်းများပြုခဲ့သည်ဟု သမဂ္ဂအဖွဲ့က ဆိုသည်။
Starbucksကတော့.သမဂ္ဂဟု.ထုတ်ပြန်ချက်သည် မမှန်ကန်ကြောင်း ထုတ်ပြန်ခဲ့ပြီး ၎င်းတို့အနေဖြင့်.မည်သည့် ကန့်သတ်ချက်မှ မထုတ်ပြန်ထားကြောင်း၊ ကုမ္ပဏီ၏ လုံခြုံရေးစည်းကမ်းများကို.မချိုးဖောက်ပါက သက်ဆိုင်ရာဆိုင်အလိုက်.pride month အလှဆင်ခြင်းများကိုပြုလုပ်ရန်.မန်နေဂျာများကို ခွင့်ပြုပြီးဖြစ်ကြောင်း ထုတ်ပြန် ထားသည်။
လက်ရှိတွင်.အဆိုပါပြဿနာမျိုးကို Starbucksသာမက အခြားသော လုပ်ငန်းများလည်း ကြုံတွေ့နေရပြီး လုပ်ငန်းခွင်အတွင်းရှိ အချို့သော ရှေးရိုးစွဲ ဝန်ထမ်းများသည် လိင်တူချစ်သူများ၏ အခွင့်အရေးကို ပိတ်ပင်ခြင်း၊ ခွဲခြားဆက်ဆံခြင်း များရှိနေသည်ဟု စစ်တမ်းများက ဖော်ပြနေသည်။
ကူးယူဖော်ပြခွင့်မပြုပါ။
Source: Reuters, CNN
Photo: Pink News