စင်္ကာပူကို အုတ်မြစ်ချရာတွင် အဓိကပါဝင်ခဲ့သည့် ဝန်ကြီးချုပ်ဖြစ်သူ လီကွမ်ယူ၏ အသက်တစ်ရာနှစ်ပြည့်မြောက်ခြင်းကို ဂုဏ်ပြုသောအားဖြင့် ၁၀ဒေါ်လာတန် အကြွေစေ့ကို ထုတ်လုပ်သွားမည်ဖြစ်ကြေင်း စင်္ကာပူငွေကြေးအာဏာပိုင်အဖွဲ့အစည်း (MAS) က ထုတ်ပြန်ကြေငြာခဲ့သည်။
မစ္စတာလီကွမ်ယူ၏ မဟာဗျူဟာအမြင်ကျယ်မှု၊ ခေါင်းဆောင်ကောင်း ပီသမှုနှင့် စင်္ကာပူကို.ဒေသန္တရကုန်သွယ်ရေးဆိပ်ကမ်းတစ်ခုမှ ကမ္ဘာ့ကုန်သွယ်ရေးဆိပ်ကမ်းနှင့် စီးပွားရေးအချက်အခြာ.ဒေသတစ်ခုအဖြစ်သို့ရောက်ရှိအောင် ဆွဲတင်နိုင်ခဲ့သည့်အတွက် ယခုကဲ့သို့.မှတ်ကျောက်တင် ဂုဏ်ပြုရခြင်းဖြစ်ကြောင်း MAS၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။
LYK100 ဟု.ခေါ်ဆိုမည့် အဆိုပါ အကြွေစေ့မှာ အလီမီနီယံနှင့် ကြေးဝါကို.ရောစပ်သွန်းလောင်းထားပြီး ရွှေရောင်ရှိမည်ဖြစ်ကာ အရွယ်အစားအားဖြင့် 30မီလီမီတာ အချင်းရှိသောကြောင့် လက်ရှိလည်ပတ်နေသည့် အကြွေစေ့များထက် အနည်းငယ်ကြီးနေမည်ဖြစ်သည်။
အကြွေစေ့၏ တစ်ဘက်တွင် လီကွမ်ယူ၏ ပုံတူနှင့် မျက်နှာစာ၌ မရီနာရေလှောင်ကန်ပုံပါရှိကာ စင်္ကာပူ၏ ရေသယံဇာတ ပါးရှားမှုကို ကြိုတင်တွက်ဆ၍ မြို့လယ်တွင် ရေချိုရေလှောင်ကန်ဆောက်လုပ်စေခဲ့သည့် လီကွမ်ယူ၏ အမြော်အမြင်ရှိမှုကို ထင်ဟပ်စေခြင်းဖြစ်ကြောင်း သိရသည်။
နောက်ခံတွင်တော့စင်္ကာပူမြို့လယ် Raffles Place ရှိ စီးပွားရေးအဆောက်အဦများနှင့် ရှေးဟောင်းအမွေအနှစ် အဆောက်အအုံနှစ်ခုကို ထည့်သွင်းဖော်ပြထားသည်။
အကြွေစေ့၏ တခြားဘက်တွင် စင်္ကာပူနိုင်ငံ၏ စည်းတံဆိပ်နှင့် ၎င်း၏ အောက်ဘက်တွင် ရောင်ပြန်စာလုံးကို ထည့်သွင်းထားကာ တဘက်မှစောင်းကြည့်လျှင် လီကွမ်ယူ၏ မွေးဖွားသည့်နှစ်ဖြစ်သော 1923 ကိုမြင်ရမည်ဖြစ်ပြီး တခြားဘက်မှစောင်းကြည့်လျှင် အသက်တစ်ရာပြည့်မြောက်သည့် ယခုနှစ် 2023ကို မြင်ရမည်ဖြစ်သည်။
အဆိုပါအကြွေစေ့မှာ အမွေအနှစ်အနေဖြင့်ထုတ်လုပ်ခြင်း ဖြစ်သောကြောင့် ပိုင်ဆိုင်လိုသူများအနေဖြင့် MAS.သို့ယနေ့မှစ၍ ဇွန်လ၉ရက်နေ့အထိ အွန်လိုင်းမှ လျောက်ထားနိုင်မည်ဖြစ်ပြီး စင်္ကာပူနိုင်ငံသားများနှင့် အမြဲတမ်းနေထိုင်ခွင့် (PR) ရရှိထားသူများသာ လျောက်ထားနိုင်မည်ဖြစ်ကြောင်း သိရသည်။
လျောက်ထားသူတစ်ဦးအနေဖြင့် အများဆုံး အကြွေစေ့ငါးခုအထိသာ လျောက်နိုင်မည်ဖြစ်ပြီး အကယ်၍ လျောက်ထားသူပမာဏများပြားပါက ငါးစေ့ထက်နည်းကာ ရရှိမည်ဖြစ်ကြောင်းနှင့်လျောက်ထားသူအားလုံး အနည်းဆုံး အကြွေစေ့ တစ်စေ့ရရှိရန် အာမခံကြောင်း MAS၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။
ကူးယူဖော်ပြခွင့်မပြုပါ။
Source: the strait times
Photo: the strait times