ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုတွေ ကမ္ဘာအနှံ့ ဆက်ဖြစ်နေတဲ့အတွက် အရင်က ယဉ်အသွားအလာထူထပ်တဲ့ မြိုကြီးတွေမှာ ကားဆိုတာမရှိသလေက်ဖြစ်နေသလို၊ အပန်းဖြေခရီးသွားတဲ့သူတွေလည်း မရှိကြတော့တဲ့အတွက် လောယဉ်တွေလဲ ရှိတဲ့လူနဲ့ပဲ ဟောင်းလောင်း ပြေးဆွဲနေရပါတယ်။ ဒီလိုမျိုး တစ်ဘက်က ကပ်ရောဂါကြောင့် ဝယ်လိုအားကျနေပေမဲ့ တစ်ဘက်ကတော့ ရုရှာ-ဆော်ဒီ ရေနံဈေးနှုန်းစစ်ပွဲကြောင့် ရေနံထုတ်လုပ်မှုကို အရင်ကထပ်တောင် တိုးပြီထုတ်လုပ်နေကြပါတယ်။ အမေရိကန် ရေနံကုမ္ပဏီတွေကတော့ ကျွဲနှစ်ကောင်ခတ်တဲ့ကြားက မြေဇာပင် မဖြစ်စေဖို့ သူတို့ရဲ့ စက်ရုံတွေကို အားတင်းပြီးဆက်လည်ပတ်နေပါတယ်။
ဝယ်လိုအားက ကျနေတဲ့အချိန်မှာပဲ ထုတ်လုပ်မှုတွေကိုလည်း မရပ်မနားလုပ်နေတဲ့အတွက် ကမ္ဘာတစ်ဝှမ်းက ရေနံသိုလှောင်ကန်ကြီးတွေ၊ ရေနံချက်စက်ရုံတွေ၊ ဆိပ်ကမ်းတွေ၊ ရေနံတင်သင်္ဘောတွေနဲ့ ရေနံပိုက်လိုင်းတွေအကုန်လုံးဟာ သူတို့ရဲ့ အများဆုံး လုပ်ဆာင်ပေးနိုင်တဲ့ ပမာဏကို ရောက်လုနီးနီးဖြစ်နေပါပြီ။ အမေရိကန်နိုင်ငံအခြေစိုက် စွမ်းအင်ဈေးကွက် လေ့လာသုံးသပ်တဲ့ ကုမ္ပဏီဖြစ်တဲ့ JBC Energy ကတော့ များမကြာမီအချိန်အတွင်းမှာပဲ ရေနံထုတ်လုပ်တဲ့ ကုမ္ပဏီတွေ ပူရမဲ့ကိစ္စက ငါတို့ရေနံတွေရောင်းမှရောင်းရပါ့မလား ဆိုတာမဟုတ်တော့ဘဲ ထုတ်လုပ်ထားတဲ့ ရေနံတွေ ဘယ်နားသွားထားရမလဲဆိုတာ ဖြစ်လာတော့မယ်လို့ ကြိုတင်သတိပေးလိုက်ပါတယ်။ အရေးပေါ်ဖြေရှင်းနည်းတစ်ခုကတော့ ခုလက်ရှိပြေးဆွဲနေတဲ့ ဧရာမ ဆီတင်သင်္ဘောကြီးတွေရဲ့ ၂၀ရာခိုင်နှုန်းကို ယာယီ ဆီသိုလှောင်ကန်အနေနဲ့ အသုံးပြုဖို့ပါ။ ဒါတောင်မှပဲ ဒီနှုန်းအတိုင်းဆက်ထုတ်နေရင်တော့ ဒီသင်္ဘောတွေသာ ကုန်သွားမယ်၊ ရေနံတွေကတော့ ထားစရာနေရာမရှိအောင်ပိုနေလိမ့်ဦးမယ်လို့ ပြောသွားပသေးတယ်။
ဒီလိုသာဆက်ဖြစ်နေမယ်ဆိုရင်တော့ အမျိုးအစားမကောင်းတဲ့ဆီတွေဆို ဈေးနှုန်းက အနှုတ်ပြတော့မှာပါ။ ဆိုလိုတာကတော့ ဆီကိုဝယ်မဲ့သူမရှိတဲ့အပြင် အလကားပေးရင်တောင်မယူလို့ ထုတ်တဲ့ကုမ္ပဏီက ဝယ်သူကိုပိုက်ဆံပြန်ပေးပြီး ယူခိုင်းရမဲ့ပုံစံမျိုးပါ။ ကမ္ဘာပေါ်က ရေနံရောင်းတဲ့ အုပ်စုတွေမှာ ရုရှား၊နော်ဝေ၊ယူကေ တို့ပါဝင်တဲ့ BRENT ကတော့ သူ့လုပ်ငန်းတွေအများစုက ပင်လယ်နဲ့ ကျွန်းတွေပေါ်မှာဖြစ်လို့ အရေးပေါ်ဆိုရင် တခြးနေရာသွားသိုလှောင်ဖို့ ခရီးလမ်းကြောင်း အဆင်ပြေပေမဲ့ အမေရိကန်တွေဦးဆောင်တဲ့ WEST TEXAS INTERMEDIATE (WTI) ဆိုရင် သူ့ရေနံကွင်းတွေ တော်တော်များများက ကုန်းတွင်းပိုင်းမှာဖြစ်တာကြောင့် ဒီပုံအတိုင်းသာဆို အနှုတ်ပြတော့မဲ့ ကိန်းပါ။ ဒီတော့ အမေရိကန်ကုမ္ပဏီတွေအနေနဲ့ အရှုံးခံပြီးဆက်ထုတ်မှာလား ဒါမှမဟုတ် ရေနံဈေးနှုန်းစစ်ပွဲမှာ ကြားကနေ ခံရသူအဖြစ်နဲ့ ရုရှားနဲ့ ဆော်ဒီကို လက်မြှောက်ပြီး ထုတ်လုပ်မှုကို ရပ်လိုက်မလားဆိုတာတော့ စောင့်ကြည့်ရမှာပါ။
ကူးယူဖော်ပြခွင့်မပြုပါခင်ဗျား။
Source: CNN
0