0

Coronavirus ကြောင့် ကုန်ကြမ်းပြတ်တောက်မှုနှင့် ရင်ဆိုင်နေရတဲ့ Coca-Cola။

Share

Coronavirus ကြောင့် Coca-Cola ရဲ့zero-sugar drink တွေမှာ အသုံးပြုတဲ့ တရုတ်မှ တင်သွင်းသည့် သကြားအစားထိုး လူလုပ် sweetners များ ပြတ်တောက်ခြင်းများ ကြုံတွေ့နေရတာကြောင့် Diet coke ထုတ်လုပ်မှုနှင့် export တင်ပို့ခြင်းမှာ နှောင့်နှေးကြန့်ကြာခြင်းတွေ ဖြစ်ပေါ်နေပါတယ်။ လောလောဆယ်မှာတော့ အရေးပေါ်အခြေအနေမှာ အသုံးပြုနိုင်အောင် စီစဉ်ထားတဲ့အတိုင်း လုပ်ဆောင်နေပေမဲ့ ရေရှည်အတွက်တော့ မဖြစ်နိုင်ကြောင်း Coca-Cola ကပြောပါတယ်။

သကြားအစားထိုးတဲ့ sweeteners တွေကို aspartame, acesulfame potassium, sucralose, saccharin, cyclamate နှင့် steviol gylcosides တွေနဲ့ထုတ်လုပ်ထားပါတယ်။ Coca-Cola ရဲ့နှစ်ချုပ် report မှာတော့ သကြားနေရာမှာ အစားထိုးဖို့အတွက် Splenda လို့သိကြတဲ့ sweeteners ကို Coke product တွေဖြစ်တဲ့ Powerade Zero နဲ့Diet Coke တို့မှာ အဓိကအသုံးပြုထားပြီး ကုန်ကြမ်းကို တရုတ်နှင့် US မှတင်သွင်းကြောင်း ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့တုန်းက Coca-Cola မှ ယခုလတ်တလော ဖြစ်ပွားနေတဲ့ COVID-19 နဲ့ပတ်သက်တဲ့ ကြေညာချက်တခုကို ထုတ်ပြန်ခဲ့ပါတယ်။ Company အနေနဲ့ဗိုင်းရပ်စ် မပြန့်ပွားအောင် တရုတ်မှာရှိတဲ့ သူ့ရဲ့အလုပ်သမားတွေကို သေချာ စစ်ဆေးစောင့်ကြည့်ထားကြောင်း၊ Company နဲ့ပတ်သက်သူ အားလုံးရဲ့လုံခြုံရေးနှင့် ကျန်းမာရေးကသာ Company ရဲ့အဓိက ဦးစားပေးဖြစ်ကြောင်း ဖော်ပြထားပါတယ်။ တရုတ်မှာ ရှိတဲ့ Company ဝန်ထမ်းအားလုံးကို face mask ၊ hand sanitizer များအသုံးပြုစေ၍ ကိုယ်အပူချိန်တိုင်း ကိရိယာများ၊ ကျန်းမားရေး စစ်ဆေးသည့် စက်ကိရိယာများ တပ်ဆင်ပြီး စောင့်ကြည့် စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။ Company ပထမသုံးလပတ်၏ earning per share တန်ဖိုး 1 မှ 2 cents ထိကျသွားလိမ့်မယ်လို့ခန့်မှန်းထားပါတယ်။ တရုတ်နိုင်ငံဟာ Coca-Cola ၏ တတိယအကြီးဆုံး ဈေးကွက်ကြီး ဖြစ်ပါတယ်။

Source: CNN Business

%d bloggers like this: