0

covid-19 ကြောင့် အချို့သော ရုန်းကန်နေရသည့် နိုင်ငံများ စီးပွားပျက်ကပ်အသွင်ဖြစ်လာနိုင်ကြောင်း စင်ကာပူ ကုန်သွယ်ရေးဝန် သတိပေး

Share

ကမ္ဘာပေါ်ရှိနိုင်ငံများသည် ငွေကြေးမူဝါဒများနှင့်ပက်သက်၍ ခေါင်းချင်းရိုက် ဆွေးနွေးနေရပြီး၊ နိုင်ငံအသီးသီး၏ ဘဏ်တိုးနှုန်းများသည်လည်း အလွန်းအမင်းကျဆင်းလာနေကြသည်ဟု စင်ကာပူ ကုန်သွယ်ရေးဝန်ကြီး ချန်ချွန်စင်း က ပြောပါသည်။
မိမိနိုင်ငံ၏ ဈေးကွက်အတွင်းသို့ ငွေဖြစ်လိုမှုအတွက် ထပ်ပေါင်းထည့်သော ငွေကြေးများ၊ အထောက်အပံ့များလိုအပ်သည်ဖြစ်ရာ စင်ကာပူကဲ့သို့ လုံလုံလောက်လောက် အရံငွေကြေးပမာဏရှိသော နိုင်ငံ များများစားစားမရှိဟုဆိုသည်။
ယခု ကမ္ဘာ့ကပ်ရောဂါ ပိုမိုဆိုးရွားလာသောကြောင့် အချို့သောနိုင်ငံများသည် မိမိအကျိုးစီးပွားသာ ကာကွယ်သော နိုင်ငံများအဖြစ်သို့ပြောင်းလဲ သွားစေပြီး ဤသို့ဖြစ်ခြင်းက ကုန်သွယ်ရေး လမ်းကြောင်းများကို ထိခိုက်လာစေသည်။
စတင်ဖြစ်ပွားစဉ်က ကျန်းမာရေး အတွက် အန္တရာယ်အဖြစ် ဖြစ်ပွားခဲ့သော်လည်း ယခုအခါ ဘဏ္ဍာရေးပျက်ကပ်အသွင်သို့ ဦးတည်လာပြီဖြစ်သည်။
ချန်က ဆက်လက်ပြောကြားသည်မှာ နိုင်ငံအတွင်း ကျန်းမာကောင်းမွန်သော ငွေကြေး မရှိပါက ငွေချေးရတော့မည်။ ချေးယူ မရတော့လျှင် ကိုယ်တိုင် ငွေ ပုံနှိပ်ရိုက်ထုတ်ရမည်။ ငွေရိုက်ထုတ်လာရပါက မိမိငွေကြေးတန်ဖိုးကို စတင်ထိခိုက်လာမည်ဖြစ်ပြီး ဤမှတဆင့် ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေး ပြဿနာဖြစ်လာပြီး ကမ္ဘာ့စီးပွားရေးကို အကြီးအကျယ်ထိခိုက်မည် ဟု ဆိုသည်။
စင်ကာပူသည် နိုင်ငံစီးပွားရေး ထိခိုက်မှုကို သက်သာစေရန် ဈေးကွက်အတွင်းသို့ Stimulus Package အနေဖြင့် နိုင်ငံ GDP ၏ ၁၂ % ဖြစ်သော စင်ကာပူဒေါ်လာ ၅၉.၉ ဘီလျံ ကို အသုံးပြုထည့်ဝင်ရန် ကြေညာထားပြီးဖြစ်သည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Orio Economics

source: cnbc, yen nee lee, huileng tan, the asean post

%d bloggers like this: