0

၅၇ နှစ်အတွင်း ပြည်ပတင်ပို့ကုန်အနည်းဆုံးသို့ကျရောက်ပြီးနောက် တောင်ကီုးရီးယား Recession တွင်းဝင်ရောက်

Share

တောင်ကိုးရီးယား နိုင်ငံသည် ၁၉၆၃ ခုနှစ် နောက်ပိုင်း ပြည်ပနိုင်ငံများသို့ တင်ပို့ကုန် ထုတ်လုပ်နိုင်စွမ်း အနိမ့်ဆုံး အခြေအနေသို့ ရောက်ရှိခဲ့ပြီး Recession စီးပွားရေးကျဆင်းမှုသတ်မှတ်ချက်အတွင်းသို့ ဝင်ရောက်သွားပြီဖြစ်သည်။

(Recession ဆိုသည်မှာ နှစ် ၁ နှစ်၏ Quarter ၂ ခုဆက်တိုက် (၃ လပတ် ၂ ကြိမ်ဆက်) စီးပွားရေးကျဆင်းလျှင် ယာယီစီးပွားရေးကျဆင်းမှုအဖြစ်သတ်မှတ်ထားခြင်းဖြစ်သည်။)

တောင်ကိုးရီးယားနိုင်ငံ၏ ပြည်ပတင်ပို့ကုန် ပမာဏသည် နိုင်ငံ့စီးပွားရေးစုစုပေါင်း၏ ၄၀% အထိကြီးမားပြီး ယခု ကိုရိုနာဗိုင်းရပ်စ်ကိစ္စများကြောင့် ပညာရှင်များက နိုင်ငံ၏ ကုန်ထုတ်စွမ်းအား အညွှန်းကိန်း GDP အား ၂.၉% ထိ ကျဆင်းမည်ဟု ခန့်မှန်းထားသော်လည်း ထိုခန့်မှန်းချက်ထက် ပိုမိုဆိုးရွားလာခဲ့ခြင်းကို တွေ့ရှိခဲ့ရသည်ဟု ဆိုသည်။

ပြီးခဲ့သည့် သီတင်းပတ်အနည်းငယ်ကလည်း ဂျပန် နှင့် စင်ကာပူ ၂ နိုင်ငံသည် Recession အတွင်းသို့ တရားဝင် ရောက်ရှိခဲ့ပြီးဖြစ်သည်။

သို့သော်လည်း တောင်ကိုးရီးယား ဘဏ္ဍာရေးဝန်ကြီး ဟောင် နမ် ကီ (Hong Nam-Ki) ကမူ နိုင်ငံ့စီးပွားရေး အခြေအနေအပေါ် အကောင်းမြင်လျက်ရှိပြီး နဂိုမူလအခြေအနေသို့ အလျင်အမြန်ပြန်လည်ရောက်ရှိမည်ဟု ဆိုသည်။

မစ္စတာ ဟောင်က “ကျွန်တော်တို့လည်း တရုတ်စတိုင်အတိုင်း (V-shape recovery) တတိယ ၃ လပတ်မှာ ကိုရိုနာကပ်ဘေး ကျဆင်းလာတာရယ်၊ ကျောင်းနဲ့ ဆေးရုံတွေ ပြန်ဖွင့်လာတာတွေ၊ နိုင်ငံခြားမှာ ရှိနေတဲ့ ကုန်ထုတ်လုပ်ရေးတွေ ပြန်တိုးတက်လာနေတာကြောင့် ရုတ်ချည်း စီးပွားရေး ပြန်တိုးတက်လာဖို့ ဖြစ်နိုင်ပါတယ်” ဟု ပြောကြားခဲ့သည်။

တောင်ကိုးရီးယား အစိုးရသည် နိုင်ငံ၏ စီးပွားရေး အတွင်းသို့ ဝမ်ငွေ ၂၇၇ ထရီလျံ (ဒေါ်လာ ၂၃၁ ဘီလျံ) အထိ ထည့်သွင်း ကူညီ၍ ကိုဗစ်ကြောင့် ကျဆင်းလာသော စီးပွားရေး အခြေအနေကို ခုခံနိုင်ရန် ကြိုးစားထားခဲ့သည်။

သို့သော်လည်း ကွန်ပျူတာ မမ်မိုရီကဒ်မှ သည် ကားများအထိ ပြည်ပပို့ကုန်များ တင်ပို့လျက်ရှိသော တောင်ကိုရီးယားနိုင်ငံသည် စီးပွားရေး ဆက်စပ်လုပ်ကိုင်နေသည့် နိုင်ငံများအပေါ် တင်ပို့ကုန်နှင့်ပါတ်သက်၍ တောင်ကိုးရီးယားအာဏာပိုင်များ၏ ထိန်းချုပ်နိုင်မှုမှာ အားနည်းလျက်ရှိသည်။

အခြားသိသာသည့် ဖြစ်ရပ်တစ်ခုမှာ ဒေသတွင်း ပြည်ပတင်ပို့ကုန်အများဆုံး နိုင်ငံတစ်ခုဖြစ်သော သြစတေးလျသည်လည်း ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်း ကုန်သွယ်မှုလိုငွေ အများဆုံးပြနေခဲ့သည်။

ပြည်ပတင်ပို့ကုန်ကျဆင်းခဲ့မှုကြောင့် ကုန်သွယ်မှုလိုငွေပြသည့် Trade deficit ဖြစ်လေ့ရှိရာ ယခုနှစ် ဇွန်လကုန်ထိ သြစတေးလျနိုင်ငံမှာ ကုန်သွယ်မှုလိုငွေ သြစတေးလျဒေါ်လာ ၈၅.၈ ဘီလျံထိ ရှိလာခဲ့သည်။

အခွန် ဝန်ကြီး Josh Frydenberg က ကိုရိုနာဗိုင်းရပ်စ်သည် သြစတေးလျအား နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံး Recession အခြေအနေသို့ ရောက်ရှိလာစေသည်ဟု ဆိုသည်။

သို့သော်လည်း ပိုဆိုးသည့် အခြေအနေသို့ ရောက်ရှိလာဦးမည်ဖြစ်ကြောင်း The Guardian သတင်းစာက သုံးသပ်ထားသည်။
ကမ္ဘာ့ တတိယစီးပွားရေး အကြီးဆုံး နိုင်ငံဖြစ်သည့် ဂျပန် နိုင်ငံသည်လည်း ပြီးခဲ့သည့် မေလက Recession အတွင်းသို့ ဝင်ရောက်သွားပြီဖြစ်သည်။

တရုတ်နိုင်ငံမှာမူ စီးပွားရေး ရုတ်ချည်းတိုးတက်မှု (အင်္ဂလိပ် အက္ခရာ V ပုံသဏ္ဍာန်) ၃.၂% ရရှိကာ စီးပွားရေးကျဆင်းမှုအတွင်းသို့ ဝင်ရောက်ခြင်းမှ ရှောင်လွှဲနိုင်ခဲ့သည်။

 

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Orio Economics
Source: BBC Business, The Guardian, Australia Finance Department, AU Treasury Department

 

%d bloggers like this: