0

တောင်ကိုးရီးယား တင်ပို့ကုန်ကျဆင်းမှု ၃ နှစ်အတွင်း အကြာဆုံးကာလဖြစ်လာ

Share

တောင်ကိုးရီးယား၏ ပို့ကုန်အခြေအနေသည် ဧပြီလတွင် ၇ လ မြောက် ဆက်တိုက် ကျဆင်းမှုကို ကြုံနေရပြီး ၃ နှစ်အတွင်း အရှည်ကြာဆုံး တင်ပို့ကုန် ကျဆင်းမှုဖြစ်လာသည်။
ကမ္ဘာ့ဈေးကွက်၏ ဝယ်လိုအား အားပျော့နေမှုနှင့် တရုတ်သို့ ကုန်စည်အရောင်းများ ကျဆင်းလာခြင်းက ယခုကဲ့သို့ ကာလရှည် ပို့ကုန်ကျဆင်းမှုကို ဖြစ်လာစေသည်ဟု သိရသည်။

တောင်ကိုးရီးယား တင်ပို့ကုန်များအတွက် အဓိက ဈေးကွက်မှာ တရုတ်နိုင်ငံဖြစ်ပြီး တပိုင်းလျှပ်ကူး – ချပ်စ် ပြားများမှာ တရုတ်သို့ အားထားရောင်းချရသည်။
ကပ်ဘေးနောက်ဆက်တွဲကာလများတွင် မူဝါဒအပြောင်းအလဲများ အကြား စိန်ခေါ်မှုများ ရှိနေပြီး တရုတ်စီးပွားရေးမှာ ပြန်လည် လည်ပတ်ရန် ဖွင့်လှစ်လိုက်သော်လည်း ပို့ကုန်ကဏ္ဍမှာ နှေးကွေးနေဆဲဖြစ်သည်။

တောင်ကိုးရီးယားသည် အာရှ၏ စတုတ္ထအကြီးဆုံး စီးပွားရေးနိုင်ငံဖြစ်ပြီး ပြည်ပနိုင်ငံများသို့ ပစ္စည်းရောင်းချရမှုမှာ ဧပြီလ တွင် ၁၄.၂% လျော့ကျကာ ပမာဏအားဖြင့် ဒေါ်လာ ၄၉.၆၂ ဘီလျံသာ ရှိခဲ့သည်။

တောင်ကိုးရီးယား၏ တရုတ်သို့ တင်ပို့ကုန်မှာ ၁၁ လ ဆက်တိုက် ကျဆင်းနေပြီး ရာနှုန်းအားဖြင့် ၂၆.၅% အထိ ကျဆင်းခဲ့သည်။
အမေရိကန်ပြည်ထောင်စုသို့ တင်ပို့မှုမှာ ၄.၄% ကျဆင်းခဲ့ပြီး ဥရောပသမဂ္ဂနိုင်ငံများသို့ တင်ပို့ကုန် ၉.၉% ကျဆင်းခဲ့သည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: Biz Crast Net, Reuters Business
Image: Xinhua News

%d bloggers like this: