0

ဆော်ဒီနဲ့ ရုရှားတို့ ရေနံကိစ္စ ဆွေးနွေးပွဲပျက်သွားပြီးနောက် ရေနံဈေးကျနေမှုအပေါ် စိုးရိမ်မှု ပြန်မြင့်တက်

Share

ဒီနေ့ (၀၆-၀၄-၂၀၂၀) မှာပြုလုပ်မဲ့ ရုရှားနဲ့ ဆော်ဒီတို့ ရေနံထုတ်လုပ်မှု ထိန်းချုပ်ရေး ဆွေးနွေးပွဲပျက်သွားပြီးနောက်မှာ ရေနံကုမ္ပဏီတွေရဲ့ ရေနံဈေးကျဆင်းနေမှုအပေါ် စိုးရိမ်စိတ်တွေဟာ အရင်လိုပြန်မြင့်တင်လာပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ကြားဝင်ညှိနှိုင်းပေးမှုနဲ့ စီစဉ်ထားတဲ့ ဒီဆွေးနွေးပွဲဟာ လာမဲ့ ကြာသပတေးနေ့ကို ပြန်ရွေ့သွားခဲ့ပြီး ဒီမတိုင်ခင်ရက်ပိုင်းလေးကိုတော့ အရှုံးပြနေတဲ့ ရေနံကုမ္ပဏီတွေ တောင့်ခံထားရဦးမှာပါ။ ခုချိန်မှာ ဥရောပတခွင်ဟာ ကိုရိုနာကပ်ရောဂါဒဏ်ကို ကောင်းကောာင်းကြီးခံနေရတဲ့အတွက် ခရီးသွားလာမှုတွေ အကုန်ကန့်သတ်ပိတ်ပင်ထားသလို စက်သုံးဆီဝယ်လိုအားက ထိုးကျနေတာပါ။ ဒီကြားထဲမှာမှ ရုရှား-ဆော်ဒီ ရေနံဈေးနှုန်း တိုက်ပွဲ ဖြစ်လာတော့ နူရာဝဲစွဲဖြစ်ပြီး အမေရိကန် ရေနံကုမ္ပဏီတွေဆို ဗုန်းဗုန်းလဲကာနီးဖြစ်ကုန်ပါတယ်။ဒါကြောင့် ဝါရှင်တန်က ကြားထဲကဝင်ပြီးစေ့စပ်ကာ ဒီဆွေးနွေးပွဲကို လုပ်ရတာပဲဖြစ်ပါတယ်။ ကမ္ဘာ့ရေနံလောကဇာတ်ခုံပေါ်မှာ ဆယ်စုနှစ်၂ခုလောက်ကြာအောင် မမြင်ခဲ့ရတဲ့ဈေးအထိကျဆင်းသွားတဲ့ ဒီဖြစ်ရပ်ကို လာမဲ့ ကြာသပတေးနေ့ကျရင် ပြန်ဆွဲတင်နိုင်မလား စောင့်ကြည့်ရဦးမှာပါ။
ကူးယူဖော်ပြခွင့်မပြုပါ။
Source: BBC

%d bloggers like this: