0

ရုရှားနဲ့ ဆော်ဒီတို့ ရေနံထုတ်လုပ်မှု လျှော့ချရန် သဘောတူညီမှု ရရှိသွားခဲ့

Share

          ပြီးခဲ့တဲ့ ကြာသပတေး (၀၉-၀၄-၂၀၂၀) ကပြုလုပ်ခဲ့တဲ့ ရုရှားနဲ့ ဆော်ဒီတို့ရဲ့ ဆွေးနွေးပွဲမှာတော့ တစ်ရက်ထုတ်လုပ်တဲ့ ရေနံစည်အရေအတွက် (Barrel Per Day-BPD) ကို ၁၀သန်းခန့်လျှော့ချဖို့ သဘောတူညီချက်ရခဲ့ပါတယ်။အမေရိကန်ရဲ့ ကြားဝင်စေ့စပ်ပေးမှုနဲ့ လုပ်ဖြစ်ခဲ့တဲ့ ဒီဆွေးနွေးပွဲမှာ ဆော်ဒီဦးဆောင်တဲ့ OPEC အဖွဲ့ဝင်နိုင်ငံတွေနဲ့ ရုရှားနိုင်ငံတို့ Video Conference လုပ်ကာ အကြိတ်အနယ်ဆွေးနွေးခဲ့ကြပြီး နောက်ဆုံးသဘောတူညီချက်ရရှိခဲ့တာပါ။ လွန်ခဲ့တဲ့ ၃နှစ် ရုရှားနဲ့ ဆော်ဒီတို့ သဘောတူညီမှု စာချုပ်အဟောင်းတုန်းက အကယ်၍ရေနံဈေးကျခဲ့ရင် ပြန်ဆွဲတင်ဖို့အတွက် လျှော့ချမဲ့ ရေနံထုတ်လုပ်မှု ပမာဏဟာ BPD ၂သန်းဖြစ်တာကြောင့် အခုတခေါက် ၁၀သန်းဆိုတာ အရမ်းကြီးမားတဲ့ လျှော့ချမှုဖြစ်ပြီး ကမ္ဘာတစ်ဝှမ်း ထုတ်လုပ်မှု စုစုပေါင်းရဲ့ ၁၀ရာခိုင်နှုန်းအထိရှိပါတယ်။
          ခု BPD ၁၀သန်း လျှော့ချမှုဟာ ဧပြီလနဲ့ ဇွန်လမှာ အကြုံးဝင်မှာဖြစ်ပြီး ဇူလိုင်လကနေ ဒီဇင်ဘာအထိကိုတော့ ရေနံဈေးအခြေအနေပေါ်မူတည်ပြီး BPD ၈သန်းလောက်ပဲ လျှော့ချဖို့ ရည်ရွယ်ထားကြပါတယ်။ တကယ်လို့ ဒီနှစ်ကုန်မှာ အခြေအနေကောင်းရင်တော့ နောက်နှစ် ၂၀၂၁ ဇန်နဝါရီကနေ ဧပြီလအထိကို BPD ၆သန်းပဲ လျှော့ချဖို့ ကနဦး သဘောတူညီချက်မှာပါဝင်ပါတယ်။ ဒါပြီးရင်တော့ ဒီနေ့ သောကြာနေ့ (၁၀-၀၄-၂၀၂၀) မှာ ဆော်ဒီနိုင်ငံကနေ သဘာပတိအဖြစ်ဦးဆောင်ပြီး G-20 နိုင်ငံတွေက စွမ်းအင်ဝန်ကြီးတွေနဲ့ Video Conference လုပ်ကာ ရေနံဈေးဆွဲတင်ဖို့အကြောင်း ဆက်လက်ဆွေးနွေးမှာဖြစ်ပါတယ်။ ရုရှားနိုင်ငံကတော့ ဒီနေ့လုပ်မဲ့ ဆွေးနွေးပွဲမှာ မနေ့က သူတို့သဘောတူညီမှုရခဲ့သလိုမျိုး G-20 အဖွဲ့တွေလည်း ရေနံထုတ်လုပ်မှု လျှော့ချရေးမှာ ပါဝင်လာလိမ့်မယ်လို့ မျှော်လင့်ပါကြောင်း ပြောကြားသွားပါတယ်။
ကူးယူဖော်ပြခွင့်မပြုပါ။
Source : BBC

%d bloggers like this: