0

ရုရှားဘီလျံနာများ ထရီလျံ ဝက် ခန့် ပိုမိုချမ်းသာလာဟု Forbes ဖေါ်ပြ

Share

Forbes မဂ္ဂဇင်း၏ ရုရှား Edition ဖြင့် ဖေါ်ပြသော Forbes Russia တွင် ပြီးခဲ့သည့် ၂၀၂၂ ၏ ရုရှားဘီလျံနာ စာရင်းကို ဖေါ်ပြခဲ့ပြီး တရားဝင် ဘီလျံနာ သူဌေးဦးရေ အယောက် ၁၁၀ ရှိလာသည်။

၎င်းတို့အားလုံး၏ စုစုပေါင်းကြွယ်ဝမှုသည် ၄၀% ကျော် တိုးတက်လာကာ ပမာဏအားဖြင့် ကန်ဒေါ်လာ ၅၀၅ ဘီလျံ ပိုမိုကြွယ်ဝလာခဲ့သည်ဟု ဆိုသည်။

ယူကရိန်းနှင့် စစ်ပွဲစတင်ပြီးနောက် သဘာဝအရင်းအမြစ်များမှ ထွက်ရှိသော ထုတ်ကုန်များ၏ ဈေးနှုန်းများ မြင့်တက်လာခြင်းက ချမ်းသာမှုကို ပိုမိုမြင့်တက်စေခဲ့သည်ဟု Forbes Russia က ဖေါ်ပြထားသည်။

အနောက်နိုင်ငံများက စစ်ပွဲဖြစ်ပွားခြင်းအတွက် ရုရှားကို စီးပွားရေးပိတ်ဆို့မှုများ ချမှတ်ခဲ့သော်လည်း ၎င်းတို့အနေဖြင့် ရေနံ၊ သတ္ထုအမျိုးမျုးနှင့် အခြား သဘာဝရင်းမြစ်များကို တရုတ်၊ အိန္ဒိယနှင့် အရှေ့အလယ်ပိုင်းသို့ ရောင်းချနိုင်ခဲ့သည်။
ရုရှား၏ ဘီလျံနာ ဦးရေသည် ၂၀၂၁ ခုနှစ်ကထက် ၂၂ ယောက် ပိုမိုများပြားလာခြင်းလည်းဖြစ်သည်။

ရုရှားသူဌေးများ၏ ကြွယ်ဝမှု တိုးတက်ခဲ့ရာတွင် အဓိကကျသည်များမှာ ရုရှား ရေနံပို့ကုန် Urals Oil ဈေးများ တက်လာခြင်း၊ ဓါတ်မြေဩဇာ ဈေးနှုန်းများ ကမ္ဘာတဝှမ်း မြင့်တက်ခဲ့ခြင်းတို့ ဖြစ်သည်။
သို့သော်လည်း ဘီလျံနာစာရင်းတွင် ပါဝင်လာသူ သူဌေးအသစ်များထဲ၌ သရေစာ မုန့်အမျိုးမျိုးထုတ်လုပ်သူ၊ ဈေးဝယ်စင်တာပိုင်ရှင်၊ ဓါတုထုတ်ကုန်များ၊ ဆောက်လုပ်ရေးနှင့် ဆေးဝါးကဏ္ဍ စသည်တို့မှလည်း ပါဝင်သည်ဟု Forbes က ဖေါ်ပြထားသည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: Reuters Business, The Straits Times, Money US News, Oil Price, McKinsey Energy Insights
Image: In Cyprus: PhileNews

%d bloggers like this: