ခုဆိုရင်တော့ ချားစ်မင်းသားကြီးဟာ တော်ဝင်မိသားစုရဲ့ ပထမဆုံး ကိုရိုနာဗိုင်းရပ်စ် လူနာဖြစ်သွားပါပြီ။ ဒီသတင်းကိုတော့ ပြီးခဲ့တဲ့ မိနစ်ပိုင်းကပဲ တော်ဝင်မိသားစု သတင်းထုတ်ပြန်ရေးက အတည်ပြုသွားတာပါ။ ဝေလမင်းသားလို့လည်း လူသိများတဲ့ ချားစ်မင်းသားကြီးဟာ ခုဆို အသက် (၇၁)နှစ်ရှိပြီဖြစ်ပြီး ကြေငြာချက်မှာပါတဲ့ အချက်အလက်တွေအရတော့ လက္ခဏာအပျော့စားတွေသာ ခုလောလောဆယ်ပြနေပြီး စိုးရိမ်စရာမရှိဘူးလို့ ပါပါတယ်။ မင်းသားကြီးဟာ လွန်ခဲ့တဲ့ ၁ပတ်က လူထုတွေ့ဆုံပွဲတွေ တော်တော်များများသွားထားတဲ့အတွက် ဘယ်နေရာမှာ ကူးစက်ခံခဲ့ရတယ်ဆိုတာကိုတော့ ခုထိအတည်မပြုနိုင်သေးပါဘူး။ မင်းသားကြီးရဲ့ ကြင်ယာတော်ကို ဆေးစစ်ရာမှာတော့ ကိုရိုနာဗိုင်းရပ်စ်မတွေ့ရှိရပါဘူးတဲ့။ ခုဆိုရင်တော့ သူတို့၂ယောက်စလုံးဟာ စကော့တလန်ကစံအိမ်မှာ quarantine လုပ်နေတယ်လို့ သတင်းမှာဖော်ပြထားပါတယ်။
ကူးယူဖော်ပြခွင့်မပြုပါ။
Source : CNN