0

UK ၌ Primark စတိုးများပြန်ဖွင့်ချိန်တွင် အထူး Discounts ချရန်မရှိဟုဆို။

Share

UK ၏ လက်လီအရောင်းဆိုင် chain ကြီး Primark သည် အင်္ဂလန်တွင် စတိုးဆိုင်ပေါင်း ၁၅၃ ဆိုင်ကို ဂျွန်လ ၁၅ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း ကြေညာထားသည်။

အဝတ်အစား chain ကြီးသည် Lockdown ကာလအတွင်း အမေရိကန်ဒေါ်လာ ၂ ဘီလျံနှင့် ညီမျှသည့် ကုန်စည်များ သိုလှောင်ထားခဲ့ရပြီး ယင်းပမာဏသည် ပုံမှန်သိလှောင်နေကျကုန်ပစ္စည်း၏ ၂ ဆဖြစ်သည်။

စတိုးဆိုင်များပြန်ဖွင့်ချိန်တွင် ကုန်ပစ္စည်းဈေးနှုန်းများသည် ယခင်ဈေးအတိုင်းသာ ရောင်းချမည်ဖြစ်ပြီး မည်သည့် special discount မျှမပေးဟု ကုမ္ပဏီက ကြေညာထားသည့်အတွက် လျှော့ဈေးစောင့်မျှော်နေသူများအတွက် ဝမ်းနည်းစရာသတင်းဖြစ်သည်။

ကုမ္ပဏီသည် လက်ထဲတွင် ဒေါ်လာ ၁.၅ ဘီလျံတန်ဖိုးရှိ ကုန်ပစ္စည်းများရှိနေခဲ့ပြီး suppliers များထံမှ ဒေါ်လာ သန်း ၄၀၀ ခန့်ထပ်မံဝယ်ယူရန်ရှိနေသည်။ ပုံမှန် ကုမ္ပဏီသည် ဒေါ်လာ သန်း ၉၀၀ ဖိုးနှင့်ညီမျှသည့် ကုန်ပစ္စည်းများကို လက်ထဲတွင် ကိုင်ထားလေ့ရှိသည်။

ရောင်းချခွင့်မရပဲ ပိုလျှံနေသည့် ကုန်ပစ္စည်းအမျိုးအစားများမှာ နွေဦးကာလ ဖက်ရှင်အဝတ်အထည်နှင့် အသုံးအဆောင်ပစ္စည်းများဖြစ်သည်။ ကျန်ရှိနေသော ရာသီလွန် ကုန်ပစ္စည်းများကို ၂၀၂၁ ခုနှစ် နွေဦးအထိ သိုလှောင်ထားမည်ဖြစ်ပြီး အခြားပစ္စည်းများကို ဆက်လက်ရောင်းချသွားမည်ဟု ဆိုသည်။

ပြန်လည်ဖွင့်လှစ်မည့် Primark stores များတွင် ကိုရိုးနားဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို ကာကွယ်ရန် လိုက်နာရမည့်စည်းကမ်းများအတိုင်း ဆောင်ရွက်မည်ဖြစ်ပြီး social distancing ပြုလုပ်ခြင်း၊ လက်ဆေးရည်များ ထားရှိခြင်း၊ ကောင်တာများတွင် အကာအကွယ် screen များနေရာချခြင်း၊ လူအထိအတွေ့များသည့်နေရာများအား မကြာခဏသန့်ရှင်းရေးပြုလုပ်ခြင်းတို့ ဆောင်ရွက်သွားမည်ဟု ဆိုသည်။ ထို့အပြင် ဝန်ထမ်းအားလုံးတွင် mask နှင့် လက်အိပ်များဝတ်ဆင်ပေးထားမည်ဖြစ်သည်။

ကူးယူဖော်ပြခြင်းခွင့်မပြုပါ။

Source: BBC Business
Photo: Getty Images

%d bloggers like this: