0

“Make America Great Again” စာတမ်းပါ ဦးထုပ်နီဆောင်းထားသော ခိုများ Las Vegas တွင်တွေ့ရ။

Share

“Make America Great Again” စာတမ်းပါ ဦးထုပ်နီတွေကို ကော်နဲ့ကပ်ခံထားရတဲ့ ခိုများ Las Vegas မြို့လည်ကောင်မှာ ယခု အပတ်အတွင်းမှာ ပေါ်ထွက်လာပါတယ်။
ဒီခိုတွေဟာ P.U.T.I.N, Pigeons United To Interfere Now လို့အမည်ရတဲ့ အဖွဲ့တစ်ဖွဲ့မှပြုလုပ်ခဲ့တဲ့ စတန့်တခုဖြစ်တယ်လို့ဝန်ခံထားပါတယ်။ အဖွဲ့ရဲ့ရည်ရွယ်ချက်ကတော့ 2020 နီးဗားဒါးပြည်နယ်မှာ ထွက်ပေါ်လာတဲ့ ဒီမိုကရက်တစ်လောင်းလျာရဲ့ မဲရလဒ်အပေါ် လှောင်ပြောင်ခြင်းဖြစ်ပြီး လေကြောင်းဆိုင်ရာ ကန့်ကွက်ဆန္ဒပြမှု တခုအနေနဲ့ပြုလုပ်တာဖြစ်ပါတယ်။ သူတို့တတွေက သမ္မတ ဒေါ်နယ်ထရမ့်အပေါ် အားပေးထောက်ခံကြသူများ ဖြစ်ပါတယ်။

လွှတ်ပေးလိုက်တဲ့ ခို၂၅ ကောင်အနက် ၂၄ ကောင်က ဦးထုပ်နီဆောင်းထားတာဖြစ်ပြီး တစ်ကောင်ကတော့ လိမ္မော်ရောင် ဆံပင်တုလေးတစ်ခု တပ်ဆင်ထားပါတယ်။ ၎င်းခိုတွေကို မျက်တောင်တုတပ်ရာမှာသုံးတဲ့ ကော်ကိုအသုံးပြုပြီး ဦးထုပ်နဲ့ဆံပင်တုတွေ တပ်ပေးခဲ့တာပါ။ ဒီခိုတွေကို သေချာလေ့ကျင့်ပေးထားကြောင်းနဲ့ လွှတ်ပေးလိုက်တဲ့ခိုတွေထဲက အချို့ကတော့ အိမ်ပြန်ရောက်လာကြပြီး အနည်းငယ်ကတော့ ပြန်ရောက်ဖို့ကျန်နေသေးကြောင်း P.U.T.I.N group ကပြောပါတယ်။
ဦးထုပ်နီဆောင်းထားတဲ့ ခိုငှက်ကလေးတွေကိုကြည့်ရတာ အချို့အတွက် ရယ်စရာတစ်ခုလိုဖြစ်ပေမဲ့ Lofty Hopes လို့ခေါ်တဲ့ ခိုငှက်ကယ်ဆယ်ရေးအဖွဲ့ကတော့ ဒါဟာ တိရစ္ဆာန် ညှင်းပန်းနိုပ်စက်မှုဖြစ်တယ် လို့ဆိုပါတယ်။ သူတို့အဖွဲ့က ခိုတွေရဲ့ဦးခေါင်းပေါ်က ဦးထုပ်နီတွေကို ချွတ်ပစ်ဖို့ ကြိုးစားနေကြပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းကလဲ ဦးထုပ်နီကလေးတွေ ဆောင်းထားတဲ့ ခိုကလေးတွေ Las Vegas မြို့လည်ခေါင်မှာ ပေါ်ထွက်လာလို့အားလုံးအတွက် စိတ်ဝင်စားစရာ တစ်ခုဖြစ်ခဲ့ပါသေးတယ်။ အခုတော့ ဒီခိုလေးတွေဟာ နိုင်ငံရေးကမ်ပိန်းထဲက အဖြစ်အပျက်တစ်ခုသာဖြစ်တယ်ဆိုတာ မြို့ခံတွေသိရှိလိုက်ကြပါပြီ။

Source: CNBC News

%d bloggers like this: