AirBnB ကဲ့သို့ တည်းခိုရေးလုပ်ငန်းတစ်ခုတည်းကို အားထားခြင်းမရှိပဲ၊ အခြား ကုန်စီဖြန့်ချိရေး၊ ဟိုတယ်လုပ်ငန်းစီမံခန့်ခွဲမှုတို့ကိုပါ လုပ်ကိုင်လာသော Oyo သည် ယခု နောက်ထပ် မှန်ကန်သည့် လုပ်ရပ်တခုကို စတင်လိုက်ပြီဖြစ်သည်။ အိန္ဒိယ၏ ဘတ်ဂျက်ဟိုတယ်လုပ်ငန်းကြီးသည် ကိုရိုနာဗိုင်းရပ်စ်အတွက် ရှေ့တန်းမှ တိုက်ပွဲဝင်နေသော လုပ်သားများနှင့် အပြည်ပြည်ဆိုင်ရာ ခရီးစဉ်များ ပိတ်သိမ်းမှုကြောင့် နိုင်ငံအတွင်း သောင်တင်နေသာ နိုင်ငံခြားသားများကို နေရာထိုင်ခင်း အခမဲ့ စီစဉ်ပေးလာခြင်းဖြစ်သည်။
သို့သော် အဆိုပါ ဒေါ်လာ ၁၀ ဘီလျံတန်ဖိုးရှိသည့် တက်သစ်စ လုပ်ငန်းဖြစ်သည့် အိုယိုမှာ ၎င်း၏ ဟိုတယ်ပိုင်ရှင်များအပေါ် ငွေပေးချေမှုနှင့်ပက်သက်၍ ဝေဖန်မှုများခံနေရဆဲဖြစ်သည်။
အိုယို၏ ဟိုတယ်လုပ်ငန်းများသည် အခြား Uber, Grab ကဲ့သို့ တက်စီဝန်ဆောင်မှုများနည်းတူဖြစ်ပြီး၊ အိုယိုမှ စီမံခန့်ခွဲထားသော လုပ်ငန်းကွန်ယက်အတွင်းတွင် ပူးပေါင်းဆောင်ရွက်လိုသူ ဟိုတယ်ပိုင်ရှင်များက ဝင်ရောက်လုပ်ကိုင်နိုင်ခြင်းဖြစ်သည်။ ယခုအခါ အမေရိက၊ အိန္ဒိယရှိ ဆက်စပ် အပြည်ပြည်ဆိုင်ရာ အိုယိုပိုင် ဟိုတယ်များတွင် ကျန်းမာရေးဝန်ထမ်းများ၊ ရဲများ၊ စစ်ဝန်ထမ်းများ နှင့် အခြားသော ကိုဗစ်-၁၉ အတွက် ရှေ့တန်းမှ တိုက်ပွဲဝင်နေသူများအား နေရာထိုင်ခင်းပေးရန် စီစဉ်ပြီးလျက်ရှိကြောင်း အမှုဆောင်အရာရှိချုပ်ဖြစ်သူ ရီတက်ရှ် အာဂါဝယ် Ritesh Agarwal က ဆိုသည်။
အခြား ရည်ရွယ်ချက်ကောင်းလည်း ရှိနေသေးသည်။ ယင်းမှာ COVID-19 ရှိသည်ဟု Positive ပြသော်လည်း ရောဂါလက္ခဏာများ မပြသေးသည့် Asymptomatic People လူများအတွက်လည်း သီးသန့်အခန်းများ ထားပေးနိုင်ရန် ကြိုးစားနေကြခြင်းဖြစ်သည်။
အိုယို တည်ထောင်သူ၏ ပြောကြားချက်အရ ယခုအခါ ကုမ္ပဏီသည် ကမ္ဘာအရပ်ရပ်ရှိ သံရုံး ပေါင်း ၁၅ ခုနှင့် ချိတ်ဆက်၍ နိုင်ငံအသီးသီးရှိ သောင်တင်နေသော နိုင်ငံခြားသားများကို အခမဲ့ နေရာထိုင်ခင်းပေးရန် လုပ်ဆောင်နေကြောင်း ပြောသည်။ ထိုင်း၊ ဘရာဇီး နိုင်ငံများ အပါအဝင်ဖြစ်ပြီး ယခုကဲ့သို့ ဆောင်ရွက်ချက်များက ဖေါက်သည်များအပေါ် ကောင်းမွန်သည့် ကမ်းလှမ်းချက်များဖြစ်စေမည်ဟု ယုံကြည်ကြောင်း ကမ္ဘာ့ ဒုတိယအကြီးဆုံး Hotel Chain အိုယိုမှ ထုတ်ပြန်ခဲ့သည်။
ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Orio Economics
source: cnbc, oyo, techcrunch