0

အာရှဝယ်လိုအားကြောင့် စင်္ကာပူရေပြင်ပေါ်ရှိ ရေနံများအတွက်မျှော်လင့်စရာပြန်တွေ့လာရ

Share

ဘလွန်းဘာ့ သတင်းဌာနမှ ထုတ်ပြန်ချက်အရ အာရှ၏ ရေနံဝယ်လိုအား ပြန်တက်လာမှုကြောင့် လပေါင်းများစွာ စင်္ကာပူရေပြင်ပေါ်ရှိ ဆီသိုလှောင်သင်္ဘောများပေါ်၌ အရေအတွက် ကျလိုက်၊ မြင့်တက်လိုက်ဖြစ်နေသော ရေနံစည်များအနေဖြင့် နောက်ထပ်ကြာရှည်စွာ စောင့်ရပုံမပေါ်တော့ကြောင်း သိရသည်။

ရေနံစည်များ သိုလှောင်ထားသည့် သင်္ဘော vessels ၆၇ စီးပေါ်ရှိ ရေနံစည်ပေါင်း ၈၂.၅ သန်းခန့်သည် စင်္ကာပူ ပင်လယ်ပြင်နှင့် မလက်ကာရေလက်ကြားပေါ်တွင်သာ တည်ရှိနေခဲ့ရပြီး အာရှ၏ စွမ်းအင်လိုအပ်ချက်ကြောင့် ပြီးခဲ့သည့် လများအတွင်း အရောင်းအဝယ်ဖြစ်နေသော်လည်း ကုန်းပေါ်ရှိ သိုလှောင်ရုံများ မလုံလောက်မှု၊ အသစ်ထပ်မံရောက်ရှိလာသော ရေနံစည်တင်သင်္ဘောများ များပြားလာမှုကြောင့် ရေပေါ်တွင်သာ အထိုင်ချနေခဲ့ရသည်။

အာရှ၏ လောင်စာဆီ စွမ်းအင်မြင့်တက်လာမှုသည် တရုတ်နိုင်ငံထံမှ အများဆုံးဖြစ်ပြီး ကမ္ဘာတဝှမ်း ရေနံများ စုပုံနေမှုကို ဖြေရှင်းနိုင်ရန် ကမ္ဘာ့ရေနံဝယ်လိုအားကိုလည်း အာရှမှ ပြန်လည်ဦးဆောင်နေရပြီဖြစ်သည်။

East of Suez ကုန်သင်္ဘောလေ့လာရေးမှ Anoop Singh က ‘ဝယ်လိုအားကတော့ ကိုဗစ်မဖြစ်ခင် အခြေအနေထိမရောက်သေးပေမယ့် ပြန်တော့တက်လာပါပြီ’ ဟုဆိုသည်။

ရေနံသန့်စင်ရေးစက်ရုံနည်းပါးသော အာရှဒေသကြောင့်လည်း ပင်လယ်ပြင်ပေါ်ရှိ ရေနံသိုလှောင်သင်္ဘောများ အစုလိုက်အပြုံလိုက် ဖြစ်လာရခြင်းဖြစ်သည်။

အာရှဒေသတွင်းရှိ ကုန်းပိုင်းသိုလှောင်ရုံများမှာ ရေနံများ အပြည့်ဖြစ်နေသည်။

အိန္ဒိယရှိ ရေနံသိုလှောင်ရုံများမှာလည်း ၉၅% ထိပြည့်နေပြီး စက်သုံးဆီအရောင်းဆိုင်များသို့ပင် ပိုလျှံရေနံများ သိုလှောင်ပေးရန် တောင်းဆိုနေရသည်။

စင်္ကာပူတွင် ပြီးခဲ့သည့် ဧပြီလ၌ ၄ နှစ်အတွင်း ရေနံစည်များ စုပုံမှု အမြင့်ဆုံးဖြစ်လာခဲ့သည်။

ထို့ကြောင့် ရေနံသိုလှောင် သင်္ဘောများ ငှားရမ်းပြီး ရေပေါ်တွင် ထားရှိခြင်းက အကောင်းဆုံးနည်းလမ်းဖြစ်လာခဲ့သည်။

ရေပေါ်သိုလှောင်ရုံများအဖြစ်ပြောင်းလဲမည့် သင်္ဘောအငှားဈေးကွက်သည်လည်း ကမ္ဘာတလွှား ရုတ်ချည်းထိုးတက်လာခဲ့သည်။

အချို့နေရာများတွင် သန့်စင်ပြီး သင်္ဘောနှင့် စနစ်မကျ ညစ်ပတ်နေသော သင်္ဘောများဟူ၍ပင် မစစ်ဆေးနိုင်တော့ချေ။

စင်္ကာပူရေပြင်ရှိ အချို့သော ရေနံသိုလှောင်သင်္ဘောများမှာ ၃ လ ကြိုတင်ငှားရမ်းထားရခြင်းဖြစ်သည်။

မစ္စတာ ဆင်း (Anoop Singh) က ယခုကဲ့သို့ ရေနံသင်္ဘောအုပ်ကြီးမှာ တတိယ ၃ လပတ်အတွင်း အလျင်အမြန်လျော့နည်းသွားမည်ဟု ဆိုသည်။

အာရှဒေသတွင်းရှိ ရေနံစိမ်း သန့်စင်ရုံများ နှင့် ကုန်းပေါ်ရှိ ဓါတ်ဆီ၊ ဒီဇယ်သိုလှောင်ရုံများအနေဖြင့် အမြင့်ဆုံး စွမ်းရည်ဖြင့်လုပ်ဆောင်နိုင်အောင်ကြိုးစားနေခြင်းကြောင့် သန့်စင်ရေးလုပ်ငန်းစဉ်များ မြင့်မားလာနိုင်ပြီး ရေနံဝယ်လိုအားလည်း ပြန်တက်လာမည်ဟု ဆိုသည်။

ရေလက်ကြားပေါ်ရှိ ရေနံစည်ပမာဏမှာ ဇွန်လ ၂၃ ရက်နေ့တွင် စည်ပေါင်း ၃၈.၂ သန်းရှိနေပြီး ထိုပမာဏမှာ မေလကုန်က စည်ပေါင်း ၂၈.၈ သန်းရှိရာမှ ထပ်တိုးလာခြင်းဖြစ်သည်။

စင်္ကာပူရေပြင်ပေါ်ရှိ ရေနံစည်ပမာဏမှာ ရောင်းချရခြင်းကြောင့် လျော့နည်းသွားခြင်းနှင့် အသစ်ထပ်မံရောက်ရှိလာသည့် သင်္ဘောများကြောင့် စည်များ စုပြုံလာခြင်းတို့ကြား လွန်ဆွဲနေသော်လည်း ထိုအချိန်မှာ မကြာခင် ကုန်ဆုံးလာဖွယ်ရှိနေသည်။

 

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: Bloomberg, Straitstimes
Photo: AFP

 

%d bloggers like this: