နိုင်ငံတော်တော်များများမှာ lock down တွေပြန်ဖြေလိုက်တာကြောင့် လောင်စာဆီ အဝယ်လိုက်လာတာရယ်၊ OPEC နဲ့ မဟာမိတ်နိုင်ငံတွေဟာ တစ်ရက်ရေနံထုတ်လုပ်မှုကို ထပ်မံလျှော့ချဖို့ သဘောတူတာရယ်ကြောင့် ရေနံစိမ်း ဈေးနှုန်းဟာ Bent ဈေးကွက်မှာ တစ်စည်ကို ၄၂ဒေါ်လာအထိ ပြန်တက်လာခဲ့တာပါ။ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ပြုလုပ်ခဲ့တဲ့ OPEC+ အစည်းအဝေးမှာတော့ အီရတ်နဲ့ ကာဇက်စတန်တို့ကလည်း ရေနံထုတ်လုပ်မှု လျှော့ချရေးမှာ ပူးပေါင်းပါဝင်မှာ ဖြစ်တယ်လို့ ကတိပြုခဲ့တဲ့အတွက် လာမဲ့ ဂျူလိုင်မှာ ရေနံထုတ်လုပ်မှုလျှော့ချရေးကို ပိုပြီး နက်နက်ရှိုင်းရှိုင်း ပြုလုပ်ကြဖွယ်ရှိတယ်လို့ သိရပါတယ်။
ရေနံဈေးကွက်လေ့လာသူတစ်ယောက်ဖြစ်တဲ့ ပါအိုလာ ရိုဒရီဂွက်ကတော့ ပြီးခဲ့တဲ့ OPEC+ အစည်းအဝေးမှာ အပေါင်းသဘောဆောင်တဲ့ သဘောတူညီမှုတွေ ရခဲ့တဲ့အတွက် ရေနံထုတ်လုပ်မှုဟာ ဈေးနှုန်းကို လိုက်ပြီး ကောင်းကောင်းထိန်းချုပ်နိုင်တော့မယ်လို့ ခန့်မှန်းရကြောင်း ပြောကြားသွားပါတယ်။ ရေနံစိမ်း တစ်စည်ဈေးဟာ Brent ဈေးကွက်မှာ ၁ဒေါ်လာ (သို့) ၂.၄ ရာခိုင်နှုန်းတက်သွားခဲ့ပြီး ၄၂.၅၁ဒေါ်လာနဲ့ ရပ်တည်နေကာ WTI ဈေးကွက်မှာတော့ ၁.၃၂ ဒေါ်လာ (သို့) ၃.၄ ရာခိုင်နှုန်း တက်သွားကာ ၄၀.၁၆ ဒေါ်လာနဲ့ ဈေးငြိမ်နေတာပါ။
Brent ဈေးကွက်ဟာ ခုဆိုရင် ပြီးခဲ့တဲ့ ဧပြီလ၊ စံချိန်တင် ဈေးကျခဲ့တဲ့ တန်ဖိုးရဲ့ ၂ဆနီးပါးကို ပြန်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ အဓိကအကြောင်းကတော့ OPEC+ နိုင်ငံတွေရဲ့ တစ်ရက်ထုတ်လုပ်မှု ရေနံစည်ပမာဏ (BPD- Barrels per day) ကို ၉.၇သန်းထိ လျှော့ချခဲ့တာကြောင့်ဖြစ်ကာ ကမ္ဘာ့ရေနံထုတ်လုပ်မှုရဲ့ ၁၀ရာခိုင်နှုန်းကိုလျှော့ခဲ့တာဖြစ်ပါတယ်။
Source: The Economic Times
Photo: David McNew/Getty Image