0

ကိုဗစ်ကူးစက်မှု ပြန်တိုးလာသဖြင့် ရေနံဈေးအနည်းငယ်ပြန်ကျ

Share

ကမ္ဘာနှင့်အဝှမ်း ကိုဗစ်-၁၉ ကူးစက်မှု ပြန်တိုးလာခဲ့သောကြောင့် စက်သုံးဆီအဝယ်လိုက်မှု ပြန်ကျခဲ့ရပြီး ပြီးခဲ့တဲ့ တနင်္လာနေ့ (၂၀-၀၇-၂၀၀၂) မှာ ကမ္ဘာ့ရေနံဈေးဟာ ပုံမှန်ထက် အနည်းငယ် ပြန်ကျသွားခဲ့ရပါတယ်။

ဘရင့်အညွှန်းကိန်းမှာ ရေနံစိမ်းဈေးဟာ တစ်စည်ကို ၃၄ဆင့်ကျသွားခဲ့ပြီး ၄၂.၈ဒေါ်လာဖြစ်နေကာ အမေရိကန် တက္ကဆက်ရေနံ အညွှန်းကိန်းမှာတော့ ရေနံစိမ်းတစ်စည်ကို ၄၀.၂၅ဒေါ်လာဖြစ်နေပြီး သူလည်း ၃၄ဆင့် ကျသွားခဲ့တာဖြစ်ပါတယ်။

ရေနံဈေးနဲ့ နိုင်ငံခြားငွေဈေး တွက်ချက်ကစားပေးတဲ့ OANDA ကုမ္ပဏီမှ အကြီးတန်းဈေးကွက်သုတေသီ ဂျက်ဖရီဟယ်လီကတော့ ကိုရိုနာဗိုင်းရပ်စ်ရဲ့ ဒုတိယလှိုင်းကတော့ တစ်နေ့ထက်တစ်နေ့ပိုးတိုးလာပြီး ဈေးကွက်တွေကို ခြမ်းခြောက်နေတယ်လို့ ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလမှာ စက်သုံးဆီသုံးစွဲမှုဟာ စံချိန်တင်ကျဆင်းမှုအဖြစ် ၃၀ရာခိုင်နှုန်းကျဆင်းရာကနေ နောက်ပိုင်းလတွေမှာ တဖြည်းဖြည်းပြန်တက်လာပေမဲ့ ကပ်ရောဂါကြီး မဖြစ်ခင်ကအခြေအနေကို ပြန်မရောက်နိုင်သေးပါဘူး။ ခုဆိုရင် အမေရိကန်မှာ ကူးစက်မှုတွေပြန်တိုးလာတဲ့အတွက် စက်သုံးဆီဆိုင်တွေကတော့ ရောင်းအားတွေပြန်ကျသွားခဲ့ပြန်ပါပြီ။

ဂျပန်အစိုးရကလည်း မနေ့ကထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဇွန်လအနေနဲ့ ပြီးခဲ့တဲ့နှစ်နဲ့ယှဉ်ရင် ရေနံတင်သွင်းမှု ၁၄.၇ရာခိုင်နှုန်းကျဆင်းခဲ့ရတယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ကမ္ဘာ့တတိယအကြီးဆုံး စီးပွားရေးအသိုက်အမြူံရှိရာ ဒီနိုင်ငံအနေနဲ့ စီးပွားရေးကျဆင်းမှု လေးလဆက်တိုက်မြောက်ကြုံတွေ့နေရပြီး အဓိကကတော့ ကမ္ဘာတစ်ဝှမ်းက ဝယ်လိုအားကျဆင်းနေတဲ့ အတွက် ဂျပန်ပို့ကုန်လုပ်ငန်းတွေ အထိနာနေတာကြောင့် ဖြစ်ပါတယ်။

ရေနံဈေးကွက်အတွက် နောက်ထပ်လှုပ်ခတ်စရာ သတင်းတစ်ခုကတော့ ဆော်ဒီဘုရင် ဆယ်လ်မန်ဘင်အဗ္ဗဒူလာဇစ် တစ်ယောက် နာမကျန်းဖြစ်ပြီးဆေးရုံတက်နေရတယ် ဆိုတဲ့ ကိစ္စပါပဲ။ အသက် ၈၄နှစ်ရှိပြီဖြစ်တဲ့ ဘုရင်ကြီးဟာ သည်းခြေအိတ်ရောင်ရမ်းတဲ့ ရောဂါကို ခံစားနေရတာဖြစ်တယ်လို့ တော်ဝင်မိသားစုအသိုင်းအဝိုင်းက သိရပါတယ်။

ဘုရင်ကြီးဟာ ကမ္ဘာ့အကြီးဆုံးရေနံတင်ပို့သူဖြစ်တဲ့ ဆော်ဒီရဲ့ အုပ်စိုးသူဖြစ်နေသလို အမေရိကန်ရဲ့ အရေးကြီးတဲ့ မိတ်ဖက်နိုင်ငံအဖြစ် အရှေ့အလည်ပိုင်းမှာ ရပ်တည်နေတာပါ။ ဒါကြောင့် အကယ်၍များ သူတိမ်းပါးသွားလို့ရှိရင် ကမ္ဘာ့ရေနံဈေးကွက်အတွက် ပေါ်လစီအပြောင်းအလဲတွေ ဖြစ်လာမလားရယ်လို့ အားလုံးက ပူပန်နေကြတာဖြစ်ပါတယ်။
ကူးယူဖော်ပြခွင့်မပြုပါ။

Source: CNBC/Reuters
Photo: Pinterest

 

%d bloggers like this: