Adidas နှင့် Kanye West တို့ လမ်းခွဲမှုကြောင့် Adidas အနေဖြင့် ဒေါ်လာ သန်း ၆၀၀ ခန့် ဆုံးရှုံးခဲ့ရပြီး ထိုဂယက်ရိုက်မှုကို အခွင့်ကောင်းယူကာ ဈေးကွက်ဝေစုများ ပိုမိုရရှိရန် ရည်ရွယ်ထားကြောင်း ၎င်းတို့၏ မဟာပြိုင်ဘက် Nike က ဆိုသည်။
Nike သည် လက်ရှိတွင် Jordan Retros မော်ဒယ်နှင့် အခြား မော်ဒယ်အသစ်များကို ထုတ်လုပ်ထားလျက်ရှိပြီး Adidas ၏ အကွဲအပြဲကြောင့် မော်ဒယ်အသစ်များ၏ ရောင်းအား မျှော်မှန်းထားသည်ထက် ပိုမိုရရှိရန် ရည်ရွယ်ထားသည်။
Kanye West ၏ ဂျူးလူမျိုးများအပေါ် ခွဲခြားသော ပြင်းထန်သည့် စကားများကြောင့် Adidas သည် ၎င်းတို့၏ ပေါ်လစီနှင့် ကိုက်ညီမှု မရှိဟုဆိုကာ ပြီးခဲ့သည့် နှစ်ကုန်ပိုင်းတွင် လမ်းခွဲခဲ့ကြပြီးနောက် ၂၀၂၂ တွင် Adidas သည် နှစ်ချုပ်စာရင်း၌ အမြတ်ငွေလျှော့ကျမှု ဖြစ်ပွားခဲ့ပြီး နှစ်ပေါင်း ၃၀အတွင်း ပထမဆုံးအကြိမ်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။
လက်ရှိဈေးကွက်သုတေသန ရလဒ်များအရ Nike အနေဖြင့် Adidas ထပ် ဈေးကွက်ဝေစုများ ပိုမိုရရှိနေသော်လည်း ယခုအခွင့်အရေးကို အမိအရ ဆုပ်ကိုင်ကာ Adidas ၏ ဈေးကွက်များကို ပိုမိုရယူနိုင်ကြောင်းနှင့် အထူးသဖြင့် တရုတ်ဈေးကွက်တွင် ပိုမိုအခြေအနေကောင်းကြောင်း ဈေးကွက်သုတေသီတစ်ဦးဖြစ်သူ ဂျိမ်းဟေလီကဆိုသည်။
Adidas နှင့် Kanye West တို့သည့် နှစ်ဦးသဘောတူပူးပေါင်း၍ Yeezy အမှတ်တံဆိပ်ရှိ ရှူးဖိနပ်များကို ထုတ်လုပ်ရောင်းချနေကြခြင်းဖြစ်ပြီး အဆိုပါ လမ်းခွဲမှုကြောင့် Kanye West ၏ ကြွယ်ဝမှုမှာလည်း ဒေါ်လာ သန်း ၄၀၀ ခန့် ကျဆင်းသွားသည်ဟု Forbes မဂ္ဂဇင်းက ခန့်မှန်းသည်။
ကူးယူဖော်ပြခွင့်မပြုပါ။
Source: Reuters, CNBC
Photo: Inside Retail Asia