0

EUအစိုးရက Netflix နှင့် အခြား Video streamers အချို့ရဲ့data အသုံးပြုမှုလျှော့ချရန်တိုက်တွန်း။

Share

နိုင်ငံတဝန်းရှိ ရုံးသမားများက အိမ်ကနေ အလုပ်လုပ်ရမှာ ဖြစ်တာကြောင့် လိုအပ်တဲ့ broadband network ရရှိရန် အစိုးရက Netflix နှင့် Stan ကဲ့သို့Streaming companies များကို Data အသုံးပြုမှုလျှော့ချပေးဖို့ တိုက်တွန်းလိုက်ပါတယ်။

Netflix အနေနဲ့ Europe တခွင်ရှိ users များ၏ traffic ၂၅% လျှော့ချရန် မူလထုတ်လွှင့်ပေးနေတဲ့ အမြန်နှုံးကို လျှော့ချထားဖို့သဘောတူညီခဲ့တာဖြစ်ပြီး အချို့ subscribers တွေအတွက် ရုပ်ရှင်ရဲ့quality အနည်းငယ် လျော့ကျသွားမှာဖြစ်ပါတယ်။ ယခုလိုလျှော့ချလိုက်တာကြောင့် ဥရောပ တခွင်ရှိ broadband network ရဲ့performance ကို ထိခိုက်မှုမရှိစေပဲ သန်းပေါင်းများစွာသောလူတွေက အိမ်ကနေ အခက်အခဲမရှိ အလုပ်လုပ်နိုင်ကြမှာ ဖြစ်ပါတယ်။

Netflix ၏ CEO ဖြစ်သူ Reed Hastings က အစီအစဉ်တွေ ထုတ်လွှင့်ရာမှာ bit rate ကိုလျှော့ချလိုက်တာက ဥရောပ နှင့် ယူကေ တဝန်းရှိ ဗီဒီယိုနှင့် အသံဖိုင်တွေရဲ့ size နှင့် quality တွေကို ရက် ၃၀ကြာ သက်ရောက်မှုရှိစေမှာ ဖြစ်ကြောင်း ပြောပါတယ်။ Netflix ကို ဥရောပမှာ အသုံးပြုသူ စုစုပေါင်း UK အပါအဝင် ၅၁ သန်းခန့်ရှိပါတယ်။

EU ရဲ့Commissioner တဦးဖြစ်သူ Breton ကတော့ Netflix ရဲ့ဆုံးဖြတ်ချက်ကို ဝမ်းမြောက်စွာ ကြိုဆိုခဲ့ပြီး “ကော်ရိုနာဗိုင်းရပ်စ် တိုက်ဖျက်ဖို့အတွက် social distancing လုပ်တာဟာ အင်တာနက် သုံးစွဲမှု ပိုမိုမြင့်တက်လာမှာ ဖြစ်ပြီး အင်တာနက် သုံးစွဲမှု က အိမ်ကအလုပ်လုပ်ဖို့ အတွက်သာ မကပဲ teleworking, e-learning နှင့် entertainment တွေအတွက်လဲ ဖြစ်ပါတယ်။ Netflix ရဲ့ဆုံးဖြတ်ချက်ကို အလွန်လေးစားပြီး ယခုလို အရေးကြီးတဲ့ အချိန်အခါမှာ အားလုံးအတူ ပူးပေါင်းဆောင်ရွက်ကာ တာဝန်ယူဖို့လိုအပ်ကြောင်း” ပြောကြားခဲ့ပါတယ်။

Source: The Guardian

%d bloggers like this: