0

အိမ်ပေါင်ချေးငွေထုတ် ဘဏ်လုပ်ငန်းရှင်အသင်းက US Fed အစိုးရဗဟိုဘဏ်ကို အလွန်အမင်းဝင်ရောက်မစွက်ဖက်ရန်သတိပေး

Share

အမေရိကန်ပြည်ထောင်စု ဗဟိုဘဏ်အနေနဲ့ အခုရက်ပိုင်းအတောအတွင်း အိမ်အပေါင်ခံချေးငွေထုတ်ချေးတဲ့ ဈေးကွက်ကို ကယ်တင်တဲ့ အနေနဲ့ ရှယ်ယာလိုက်ဝယ်တာတွေ လုပ်ဆောင်နေပါတယ်။ Federal Reserve ဟာ ပြီးခဲ့တဲ့ အပတ်က ဒေါ်လာ ၁၈၃ ဘီလျံဖိုး တိတိ အိမ်ပေါင်ခံဈေးကွက်က စာချုပ်တွေ လိုက်ဝယ်ခဲ့တာပါ။ သူတို့ မျှော်လင့်တာကတော့ အတိုးနှုန်း လျှော့ချနိုင်ဖို့တွေအတွက်ရည်ရွယ်တာပါ။ ဒါပေမယ့် ဈေးကွက်ထဲမှာ ငွေဖြစ်လွယ်၊ ရောင်းလွယ်ဝယ်လွယ်ကိစ္စတွေကို ဖန်တီးခဲ့ပေမယ့် အိမ်ပေါင်ခံချေးငွေထုတ်ပေးတဲ့ ဘဏ်လုပ်ငန်းရှင်တွေကိုတော့ ထိခိုက်လာပါတယ်။ (Photo: US Fed Chair Jerome Powell)
အချို့ဘဏ်လုပ်ငန်းတွေဟာ အမြတ်ငွေ ရတယ်ဆိုယုံမျှဖြစ်လာပြီး လုပ်ငန်းလည်ပတ်နေတာတွေကိုပါ ခက်ခဲလာစေပါတယ်။ ပြဿနာက ဒီလိုပါ။ အိမ်ပေါင်ခံချေးငွေထုတ်ပေးတဲ့ ဘဏ်တွေဟာလည်း အတိုးနှုန်းပါးပါးနဲ့ ရေရှည် ငွေထုတ်ချေးမှုတွေအပေါ် အမြတ်အစွန်း ရရှိနေတာပါ။ အဲ့ဒီ့တော့ သူ့ရဲ့ စနစ်က အိမ်ပေါင်ခံကိစ္စ၊ အိမ်ပေါင်ခံချေးငွေအတိုးနှုန်းတွေ အလှုပ်အခတ်မများပဲ တည်ငြိမ်နေမှ ဘဏ်တွေက ပုံမှန် ဝင်ငွေရရှိမှာပါ။
ဗဟိုဘဏ်က ဒီလို ၁၈၃ ဘီလျံလောက် ဝင်ပြီး ဈေးကွက်ထဲငွေဖြည့်လိုက်တဲ့အခါမှာ အိမ်ပေါင်ခံစာချုပ်ဝယ်ရောင်းတွေ၊ ချေးငွေအထုတ်အသွင်းတွေ မြန်ဆန်၊ အလှုပ်အခတ်များလာပြီး ရသမျှ အမြတ်ငွေတွေဟာ လုပ်ငန်းလည်ပတ်စရိတ်သာ ကာမိတဲ့ အခြေအနေဖြစ်လာပါတယ်။
The Mortgage Bankers Association ရဲ့ အကျိုးစီးပွားကို ကာကွယ်တဲ့ အနေနဲ့ ဗဟိုဘဏ်ဘက်က ဒီလိုလုပ်ဆောင်နေတာတွေကို ရပ်တန့်ဖို့၊ ဈေးကွက်ကြီးတစ်ခုလုံး ကမောက်ကမတွေဖြစ်လာနိုင်တာကို ကြိုမြင်ဖို့ စတဲ့ စကားတွေထွက်လာတာဖြစ်ပါတယ်။
အချို့ အိမ်ပေါင်ခံချေးငွေထုတ်ဘဏ်တွေဟာ Margin Call လို့ခေါ်တဲ့ စရံငွေတွေ ဒေါ်လာ သန်းဆယ်နဲ့ချီ ပိုက်မိပြီး ချေးငွေဘဏ်လောကထဲကနေအပြီး ထွက်သွားရတော့မယ့် အခြေအနေရှိနေကြောင်း MBS Highway တည်ထောင်သူ ဘာရီ ဟားဘစ်က ပြောပါတယ်။
သူက ဆက်လက်ပြီး အခုလိုအပ်နေတာက ရိုးရှင်းကြောင်း၊ ဗဟိုဘဏ်အနေနဲ့ ဈေးကွက်ထဲ လိုက်ဝယ်နေတာတွေကို ကာလတစ်ခုထိ ရပ်တန့်ပေးဖို့လိုကြောာင်း ပြောခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုဗဟိုဘဏ်၏ ငွေသုံးစွဲမှုသည်လည်း Tax Payer အခွန်ထမ်းသူများ၏ ပေးချေငွေ ဘတ်ဂျတ်အတွင်းမှ လာသည်ဖြစ်ရာ အစိုးရမှ ထောက်ပံ့ငွေများ၊ ဈေးကွက်အတွင်းသို့ ကယ်တင်ရန် ငွေကြေးစီးဝင်လာမှုများမှာ အချို့ ကိစ္စများတွင် ဝေဖန်မှုမြင့်တက်စရာများ ဖြစ်နေကြောင်း သိရပါတယ်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Orio Economics

source: cnbc, reuters

%d bloggers like this: