0

နိုင်ငံရပ်ခြားသို့ရွှေ့ပြောင်းလိုသည့် အိန္ဒိယနိုင်ငံသားများ ပိုမိုများပြားလာ

Share

အိမ်ခြံမြေကုမ္ပဏီတခုဖြစ်သည့် CBRE South Asia က ပြုလုပ်သည့် စစ်တမ်းထုတ်ပြန်ချက်အရ အိန္ဒိယနိုင်ငံသားများတွင် လာမည့် ၂ နှစ်အတွင်း အခြားနိုင်ငံသို့ ပြောင်းရွှေ့အခြေချလိုသူ ပိုမိုများပြားလာသည်ဟုသိရသည်။
အဆိုပါစစ်တမ်းကောက်ယူမှုတွင်ပါဝင်ခဲ့သည့် အထဲမှ ၁၆% သည် ပြီးခဲ့သည့် ၂ နှစ်အတွင်း အခြားနိုင်ငံအသစ်များသို့ ရွှေ့ပြောင်းသွားခဲ့ပြီ ဖြစ်ပြီး နောက်ထပ် ၁၇% မှာ လာမည့် ၂ နှစ်အတွင်း ရွှေ့ပြောင်းကြမည်ဟု ဆိုသည်။

Survey ကောက်ယူမှုစစ်တမ်းတွင် အာရှပစိဖိတ်ဒေသမှ ဖြေကြားပေးသည့်သူများထဲတွင် ရွှေ့ပြောင်းအခြေချနေထိုင်သူများမျာ ၇% ရှိပြီး ကမ္ဘာအရပ်ရပ်မှ ဖြေကြားသူများထဲတွင် ၆% မှာ ရွှေ့ပြောင်းနေထိုင်ခဲ့ကြသူများဖြစ်သည်။
အာရှပစိဖိတ်ဒေသနှင့် အခြားကမ္ဘာအရပ်ရပ်မှာ ဖြေကြားသူအားလုံးပေါင်းထဲမှ ၁၀% မှာ လာမည့် ၂ နှစ်အတွင်း ရွှေ့ပြောင်းကြမည်ဟုသိရသည်။

အိန္ဒိယတွင် အိမ်နေထိုင်မှုဆိုင်ရာကိစ္စများ၌ Generation Z များမှာ နေရာတိုက်ခန်း၊ အိမ်ကို အပိုင်ဝယ်ယူလိုသူထက် ငှားရမ်းနေလိုသည့် အရေအတွက်သာများပြားကြောင်း သိရပြီး ၎င်းတို့မျိုးဆက်သည် နေရာအသစ်သို့ ရွှေ့ပြောင်းရန် စိတ်အားထက်သန်ကြသည်။
Baby Boomers ဟုခေါ်သည့် ကမ္ဘာစစ်နောက်ပိုင်းမွေးဖွားလာသည့် သက်ကြီးပိုင်းများတွင် နေရာသစ်သို့ ရွှေ့ပြောင်းလိုသူများမှာ ၂၉% သာရှိသည်ကို တွေ့ရသည်။

ပြီးခဲ့သည် ၂၀၂၂ တွင် အိန္ဒိယနိုင်ငံသားအဖြစ်ကို စွန့်လွှတ်ကြောင်း ကြေညာခဲ့သူ အိန္ဒိယမှ ရွှေ့ပြောင်းထွက်ခွာခဲ့သူပေါင်း ၂ သိန်းကျော် (၂၂၅,၀၀၀ ဦး) ရှိခဲ့ပြီး အဆိုပါပမာဏမှာ ၂၀၁၁ နောက်ပိုင်း အများဆုံးဖြစ်သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန (MEA) က ပါလီမန်တွင် ဖေဖေါ်ဝါရီ ၉ ရက်က ပြောကြားခဲ့သည်။

အခြားစစ်တမ်းထုတ်ပြန်ချက် ၁ ခု ဖြစ်သော Henley Global Citizens Report အရ ယခုအချိန်တွင် အသားတင်ကြွယ်ဝချမ်းသာမှုမြင့်မားသော အိန္ဒိယနိုင်ငံသား ၈,၀၀၀ ခန့် အိန္ဒိယကို စွန့်ခွါခဲ့ပြီးဖြစ်သည်ဟု သိရသည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: Economic Times: India Times, Times of India, The Indian Express
Image: Times of India

%d bloggers like this: