ကလေးကစားစရာပစ္စည်း ထုတ်လုပ်သည့် အမေရိကန် ကုမ္ပဏီကြီး Mattel က ကိုရိုးနားဗိုင်းရပ်စ်အား ရှေ့တန်းမှ ရွံ့ရွံ့ချွန်ချွန် တိုက်ပွဲဝင်ပေးနေကြသော သူများအား လေးစားဖွယ်အကောင်းဆုံး သူရဲကောင်းများအဖြစ် ဂုဏ်ပြုသည့်အနေဖြင့် သူ၏ production line မှ special edition အနေဖြင့် Little ® Community Champions အမည်ရှိ အရုပ်series တခုကို ထုတ်လုပ်လိုက်သည်။
ထိုအရုပ်များကို ကုမ္ပဏီခွဲဖြစ်သည့် Fisher-Price brand အောက်မှထုတ်လုပ်မည်ဖြစ်ပြီး လူ့အဖွဲ့အစည်းအတွက် နားရက်မရှိ နေ့စဉ်ရက်ဆက် အလုပ်လုပ်ပေးနေကြသည့် သူရဲကောင်းများကို ဂုဏ်ပြုလိုခြင်းကြောင့် ၎င်းတို့အား ကိုယ်စားပြုသည့် အရုပ်များ ထုတ်လုပ်ခြင်းဖြစ်သည်။

Mattel Toys pandemic heroes
#ThankYouHeroes အမည်ပေးထားသည့် အရုပ်အမျိုးအစားတွင် အဓိက character များဖြစ်သည့် ဆရာဝန်၊ သူနာပြု၊ အရေးပေါ်ကုသရေးပညာရှင်များ၊ ပို့ဆောင်ရေးဒရိုက်ဘာများ နှင့် စတိုးဆိုင်အရောင်းဝန်ထမ်းများအား ကိုယ်စားပြုထားသည့် အရုပ် ၁၆ မျိုး ထုတ်လုပ်ထားသည်။
ဂုဏ်ပြုအရုပ်များအား ရှေ့တန်းတွင် တိုက်ပွဲဝင်နေသော သူရဲကောင်းများအား ကျေးဇူးတင်လက်ဆောင်ပေးခြင်း၊ ကလေးငယ်များအား ၎င်းအရုပ်များနှင့်ပတ်သက်၍ ခံစားချက်များအားမျှဝေပေးလိုခြင်း စသည့်ရည်ရွယ်ချက်များဖြင့် ကလေးငယ်များအတွက်သာမက လူကြီးများအတွက်ပါ အဓိပ္ပါယ်ရှိစေမည့် ဆန္ဒဖြင့် ထုတ်လုပ်ထားခြင်းဖြစ်ကြောင်း Fisher-Price ကုမ္ပဏီ၏ ဥက္ကဌဖြစ်သူ Chuck Scothon ကဆိုသည်။

Mattel Toys pandemic heroes
အရုပ်များအား ၁၅ ဒေါ်လာမှစ၍ အွန်လိုင်းမှ ဝယ်ယူနိုင်မည်ဖြစ်ပြီး ရရှိသည့် ဝင်ငွေများအား ရှေ့တန်းတွင် တိုက်ပွဲဝင်ပေးနေသည့် သူရဲကောင်းများနှင့် သူတို့၏ မိသားစုများထံသို့ပြန်လည် လှူဒါန်းပေးသွားမည်ဟု သိရသည်။
Mattel က #ThankYouHeroes ထုတ်လုပ်ရေးအပြင် Covid-19 အား ကာကွယ်ရေး မျက်နှာဖုံး face shields နှင့် masks များအား ဆရာဝန်နှင့် သူနာပြုများအတွက် ထုတ်လုပ်ပေးနေသည်။ ကစားစရာ အရုပ်ကုမ္ပဏီကြီးသည် Feed the Children နှင့် UCAL Mattel ကလေးဆေးရုံ အပါအဝင် အခြား non-profit လုပ်ငန်းများတွင်လည်း လှူဒါန်းမှုများ ပြုလုပ်လျက်ရှိသည်။
ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Source: People.com