0

ပင်လယ်ရေကြောင်း ညစ်ညမ်းမှု ကာကွယ်ရေး ဥပဒေသစ်က ရေနေသတ္တဝါတွေရဲ့ အစာကွင်းဆက်ကို ခြိမ်းခြောက်နေပြီး ပင်လယ်စာစားသုံးသူတွေကိုလည်း ကင်ဆာဖြစ်ပွားနိုင်ခြေမြင့်တက်စေ

Share

          ကမ္ဘာ့ရေကြောင်း အဖွဲ့ချုပ် (IMO – International Maritime Organization) ကခု ၂၀၂၀ ခုနှစ်မှာ ပင်လယ်ရေကြောင်း ခရီးသွား သင်္ဘောတွေ မဖြစ်မနေ လိုက်နာရမဲ့ ဥပဒေတစ်ခုကို ပြဋ္ဌာန်းခဲ့ပါတယ်။ အဲဒါကတော့ ပင်လယ်ကူး သင်္ဘောတွေက ထွက်တဲ့ မီးခိုးမှာ ဆာလာဖာပါဝင်မှု ရာခိုင်နှုန်း ဝ.၅% အောက်ရှိရမယ်လို့ သတ်မှတ်ခဲ့တာပါ။ ဒီအခါမှာ သင်္ဘောပိုင်ရှင်တွေအနေနဲ့ ရွေးချယ်စရာ (၂)ခုဖြစ်လာပါတော့တယ်။ ခုလက်ရှိ ကမ္ဘာ့ရေကြောင်းသွား သင်္ဘောတွေမှာ သုံးနေတဲ့ အင်ဂျင်အမျိုးအစားတွေက ဆာလဖာပါဝင်မှုနှုန်း နည်းတဲ့ လောင်စာဆီနဲ့ မမောင်းနိုင်ပါဘူး။ ပိုအဆင့်မြင့်တဲ့ အင်ဂျင် အမျိုးအစားကို ဝယ်လဲပစ်မှရမှာပါ။ ဒါမှမဟုတ် နောက်တနည်းကတော့ ခုလက်ရှိ လောင်စာဆီ၊ အင်ဂျင်နဲ့ကိုပဲ မီးခိုးသန့်စင်စက် (Scrubber) ဝယ်တပ်ကြမလား ဆိုပြီး လမ်း(၂)သွယ် ပေါ်လာပါတော့တယ်။


          ဒီအခါမှာ သင်္ဘောလိုင်းတော်တော် များများကတော့ ငွေကုန်ကြေးကျ ပိုနည်းတဲ့ မီးခိုးသန့်စင်စက် (Scrubber) တပ်ဖို့ကိုပဲ ရွေးခဲ့ကြပါတယ်။ အင်ဂျင်အလုံးလိုက် လဲတာထက် စာရင် သက်သာတယ်လို့ သာပြောရတာ Scrubber တွေက အကြီး၊ အသေးပေါ်မူတည်ပြီး အမေရိကန် ဒေါ်လာ (၅) သန်းကနေ (၁၀) သန်းလောက်ထိရှိပါတယ်။ အခု အဓိက ပြဿနာကတော့ ဒီ Scrubber တွေကို ဖြတ်ပြီးထွက်သွားတဲ့ မီးခိုးကတော့ ဆာလဖာပါဝင်မှုနည်းပြီး သန့်သွားပေမဲ့ Scrubber ထဲက ဓါတ်ပြုပြီးထွက်လာတဲ့ အကြွင်းအကျန်တွေမှာ ကင်ဆာဖြစ်စေနိုင်တဲ့ Polycyclic Aromatic Hydrocarbons (PAHs) ဆိုတဲ့ ဓါတ်ကြွင်းတွေပါနေပါတယ်။ နောက်ပြီး သင်္ဘောတွေပေါ်မှာ တပ်ဆင်ထားတဲ့ Scrubber ပုံစံတွေ တော်တော်များများက ဒီဓါတ်ကြွင်းတွေကို ပင်လယ်ထဲ တန်းစွန့်ထုတ်တဲ့ ပုံစံမျိုးဖြစ်နေတာပါပဲ။

          ခုခါမှာတော့ သဘာဝပတ်ဝန်းကျင် ချစ်မြတ်နိုးသူတွေရယ်၊ ပင်လယ်ပြင် သယံဇာတ ထိန်းသိမ်းသူတွေရယ်ဟာ ကမ္ဘာ့ရေကြောင်း အဖွဲ့ချုပ်ကို အထောက်အထား အခိုင်အမာနဲ့ အရေးဆိုဖို့ ပြင်ဆင်နေကြပါပြီ။ တဘက်က Scrubber ထုတ်လုပ်သူ ကုမ္ပဏီတွေကလည်း သူတို့ ထုတ်ကုန်တွေဟာ သဘာဝပတ်ဝန်းကျင်နဲ့ သဟဇာတ ဖြစ်ကြောင်း စမ်းသပ်စစ်ဆေးချက် certificate တွေ ပြသနိုင်တယ်နိုင်တယ်လို့ ပြန်ချေပထားပါတယ်။

Source : The Guardian

%d bloggers like this: