ပြီးခဲ့သည့် ဧပြီလတွင် Manhattan ရှိ အိမ်ငှားဈေးနှုန်းများသည် စံချိန်တင် ၇၁% ထိ လျော့ကျခဲ့ပြီး Douglas Elliman and Miller Samuel မှ ရရှိသော အချက်အလက်များအရ လူများသည် နယူးယောက်မြို့ကို ပိုမိုစွန့်ခွာနေကြသည်ကို တွေ့ရှိရသည်။
မန်ဟက်တန်တွင် ဆယ်စုနှစ်အတွင်း အနိမ့်ဆုံးသို့ရောက်ရှိခဲ့ခြင်းဖြစ်ပြီး အငှားအသစ်အရေအတွက်အနေဖြင့် ၁၄၀၇ သို့ ကျဆင်းခဲ့ခြင်းဖြစ်သည်။
လစ်လပ်လျက်ရှိသော အိမ်၊ အခန်းများအရေအတွက်မှာ ၁၄ နှစ်အတွင်း အမြင့်ဆုံးအခြေအနေသို့ရောက်ရှိနေသည်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် မန်ဟက်တန်မှ လူများ အခြား လူဦးရေ နည်းပါးသည့် ပြည်နယ်၊ ဒေသများသို့ ပိုမိုထွက်ခွါနေကြခြင်းကြောင့် ဖြစ်သည်။
Miller Samuel အိမ်ခြံမြေရာဖြတ်လုပ်ငန်းမှ စီအီးအိုဖြစ်သူ Jonathan Miller က အိမ်ငှားဈေးများကျသွားခြင်းမှာ လူများ မြို့ကို စွန့်ခွါသွားခြင်းက အဓိက အကြောင်းအရာဖြစ်သည်ဟုဆိုသည်။
အလယ်အလတ်ဈေးနှုန်းရှိသော အိမ်ခြံမြေအငှားဈေးများမှာမူ ဧပြီလတွင် ၄.၉% မြင့်တက်ခဲ့ပြီး ဒေါ်လာ ၃၆၅၀ သို့ ပျမ်းမျှအားဖြင့်ရောက်ရှိခဲ့သည်။
၁ ပေပလတ်လည်အငှားဈေးနှုန်းမှာ ၇၄.၂ ဒေါ်လာ ပေါက်ဈေးရှိနေသည်။
အိမ်ငှားဈေးများ ပိုမိုကျဆင်းလာဦးမည်ဟု မီလာက ဆိုသည်။
ပွဲစားများနှင့် အိမ်ပိုင်ရှင်များက ဈေးလျှော့ခြင်း၊ စပေါ်ငွေ လျှော့ချပေးခြင်းနှင့် အိမ်လခ ၁ လ အခမဲ့ပေးနေခြင်း စသည်တို့ကို လုပ်ဆောင်ပေးသွားရန် စတင်နေပြီဖြစ်သည်။
အိမ်ရှင်များအနေဖြင့်လည်း အစားထိုးစရာ အိမ်ငှားသစ်မရှာနိုင်သေးခြင်း၊ အိမ်ငှားများမှာလည်း အခန်းသစ်ရှာဖွေရန် မတတ်နိုင်သေးခြင်းဖြင့် ၂ ဖက်လုံး ကြပ်တည်းနေကြသည့် အခြေအနေဖြစ်နေသည်ဟု Miller က ဆိုသည်။
ဖလော်ရီဒါမှ နယူးယောက်မြို့တော်သို့ ပြောင်းရွှေ့လာသူ Olivia Bibilonia ဆိုသူက သူမအနေဖြင့် ယခုအခါ လှေကားဖြင့် တက်ရသော (ဓါတ်လှေကားမပါ) ၅ လွှာ အခန်းတစ်ခုကို ၁ လလျှင် ဒေါ်လာ ၂၇၅၀ ဖြင့် ငှားရမ်းနိုင်ရန် မျှော်လင့်နေသည်ဟု ဆိုသည်။
သူမအနေဖြင့် semi-afford (အလုံးစုံတတ်နိုင်သည့် အခန်းဈေးတော့ မဖြစ်ခဲ့) တတ်နိုင်သည့် အခန်းများထဲတွင် အကောင်းဆုံးဖြစ်သည်ဟု ပြောသည်။
Semi ဆိုသည့် တဝက်တပြတ် စကားလုံးကို သုံးထားရခြင်းမှာလည်း လူနေစရိတ်အလွန်အမင်းမြင့်မားမှုများကြောင့်ဖြစ်ကြောင်း သူမက ပြောသည်။
၁ လ ဒေါ်လာ ၂၇၅၀ ငှားခရှိသည့် ၅ လွှာ အခန်းကို ရခဲ့ခြင်းအတွက် ပိုပြီး စိတ်ချမ်းသာနိုင်ဖွယ်ရှိသည်ဟု သူမကိုယ်သူမ တွေးနေခဲ့မိသည်။ ဈေးများ မည်သို့ ကျဆင်းနေသည်ဖြစ်စေ နောက်ဆုံးတွင်လည်း အငှားဈေးများကသာ အသာပြန်ရသွားမည်ဟု သူမက ဆိုသည်။
ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Orio Economics
Source: CNBC News, NY1, Miller Samuel
City And State NY