Louis Vuitton (LV) ၏ပိုင်ရှင် LVMH က သူ၏ ရေမွှေးနှင့် အလှကုန်များ ထုတ်လုပ်နေသည့် Production Lines ကိုအသုံးပြုကာ ကိုရိုနာဗိုင်းရပ်စ် မပျံ့ပွှားရေးအတွက် လိုအပ်တဲ့ hand sanitiser များကို စတင်ထုတ်လုပ်တော့မယ်လို့သိရပါတယ်။
နံမည်ကျော် ဇိမ်ခံပစ္စည်း ထုတ်လုပ်သူအဖြစ် လူသိများသည့် LV က ပြင်သစ်တနိုင်ငံလုံးရဲ့ ဗိုင်းရပ်စ်အတွက် လိုအပ်တဲ့ လူသုံးကုန်ပစ္စည်းတွေ မပြတ်တောက်စေချင်တာကြောင့် ယခုလို hand sanitiser တွေ ထုတ်မှာဖြစ်တဲ့အကြောင်း ပြောခဲ့ပါတယ်။
ဒီလက်ဆေးဂျယ် တွေကို ကျန်းမာရေး ဌာနတွေဆီ အခမဲ့ ပို့ပေးမှာဖြစ်တဲ့အကြောင်း ၊ ကုမ္ပဏီအနေနှင့် ပြင်သစ် ကျန်းမာရေးဌာနနှင့် ပူးပေါင်းပြီး လိုအပ်တဲ့အချိန်အထိ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း တနင်္ဂလာနေ့က ပြောခဲ့ပါတယ်။
LVMH က ရေမွှေးနှင့် အလှကုန် မိတ်ကပ် ထုတ်လုပ်နေတဲ့ Production lines တွေကို အသုံးပြုပြီး Hydro-alcoholic gels အမျိုးအစားကို အရေအတွက် ပမာဏများစွာ ထုတ်လုပ်သွားမှာဖြစ်ပြီး ဒီ Production Lines တွေဟာ နံမည်ကြီး ရေမွှေးနှင့် မိတ်ကပ် Brand တွေဖြစ်တဲ့ Christian Dior နှင့် Givenchy တို့ကို ထုတ်လုပ်နေတာ ဖြစ်ပါတယ်။
ပြင်သစ်မှာ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၂၀ ထိရှိလာပြီး ယခုလက်ရှိမှာတော့ စားသောက်ဆိုင်၊ ကဖေး နှင့် စတိုးဆိုင်များ အားလုံးပိတ်ထားတာဖြစ်ပါတယ်။ အစိုးရကလဲ ကမ္ဘာတဝန်းလုံးမှာရှိတဲ့ စက်ရုံနှင့် ထုတ်လုပ်သူတွေကို ဗိုင်းရပ်စ်ကြောင့် ပြတ်လပ်ခါနီးလာသော လူသုံးကုန် ပစ္စည်းများကို အလျင်အမြန်ထုတ်ပေးဖို့ တောင်းဆိုထားပါတယ်။
UK ၏ Prime Minister, Boris Johnson ကလည်း UK engineering firms ကို NHS အတွက် လေဝင်လေထွက်ကောင်းမွန်စေတဲ့ ကိရိယာတွေကို ပြောင်းလဲ ထုတ်လုပ်ဖို့ ညွှန်ကြားထားပါတယ်။
ဗိုင်းရပ်စ် အခြေအနေ အလွန်ဆိုးရွားခဲ့တဲ့ ဖေဖော်ဝါရီလထဲမှာတုန်းက တရုတ်၏ လျှပ်စစ်ပစ္စည်း ထုတ်လုပ်သူ Foxconn က သူ့ရဲ့Apple IPhone ထုတ်လုပ်မှု အစား Masks တွေကို ပြောင်းလဲ ထုတ်လုပ်ခဲ့ပါသေးတယ်။
ကူးယူဖော်ပြခွင့်မပြုပါ။
Source: BBC News