0

စုံစမ်းစစ်ဆေးရေးဝင်ပြီးနောက် တရုတ်ပြည် Lucking ကော်ဖီ၏ ရှယ်ယာဈေး ၈၀% ထိ ထိုးကျ

Share

တရုတ်ပြည်၏ ကော်ဖီဆိုင်လုပ်ငန်းကြီး လက်ကင်သည် ပြီးခဲ့သည့် ကြာသပတေးနေ့က ကုမ္ပဏီတွင်း စစ်ဆေးရေးပြုလုပ်ရာ၌ ကုမ္ပဏီ၏ COO ဖြစ်သူက ၂၀၁၉ ခုနှစ် အရောင်းစာရင်းများကို ဒေါ်လာ သန်း ၃၁၀ ခန့် လိမ်လည် မြှင့်တင်ထားခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်အပြီးတွင် လက်ကင် ကော်ဖီ၏ ဈေးကွက်ရှယ်ယာပေါက်ဈေး ၈၀% ထိ ထိုးကျခဲ့ပြီး ဝန်ထမ်းအမြောက်အများကလည်း ၎င်း လုပ်ငန်းလည်ပတ်ရေးအရာရှိချုပ် COO ၏ အလွဲသုံးစားလုပ်မှုများ၊ အရောင်းစာရင်းများ လိမ်လည်၍ ပိုမိုတင်ပြမှုများ စသည်တို့ကို ထုတ်ဖေါ်ပြောဆိုခဲ့သည်။ COO ကျင်းလျူ အား ယခုအခါ တာဝန်မှ ရပ်ဆိုင်းထားပြီး၊ ဆက်စပ်လျက်ရှိသော ဖြစ်ရပ်များအား တရားဥပဒေဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဟု လက်ကင်ကော်ဖီက ထုတ်ပြန်သည်။
စီအိုအိုဖြစ်သူ ကျင်းထံမှ မည်သည်မှတ်ချက်မှ ထုတ်ဖေါ်ပြောဆိုခြင်း မရှိချေ။
Luckin Coffee သည် ၂ နှစ်ခွဲ သက်တမ်းရှိသည့် လုပ်ငန်းဖြစ်ပြီး တရုတ်ပြည်တွင် စတားဘက် ကော်ဖီ Starbucks ကို ကျော်ဖြတ်ရန် တာစူနေသော လုပ်ငန်းဖြစ်သည်။


ယခုကဲ့သို့ ဘဏ္ဍာရေး အရှုပ်အရှင်းများဖြစ်ပေါ်ခဲ့ပြီးနောက် ရင်းနှီးမြှုပ်နှံသူများ အသိုင်းအဝိုင်းတွင် လာမည့် စက်တင်ဘာ ၃၀ တွင် ကုန်ဆုံးမည့် ဘဏ္ဍာရေးထုတ်ပြန်ချက်များအပေါ် မူတည်၍ ဆုံးဖြတ်မရနိုင်ကြောင်း ပြောဆိုမှုများ ရှိလာခဲ့သည်။ ကော်ဖီဆိုင်လုပ်ငန်းကြီးက မူလထုတ်ပြန်ထားသည့် ၂၀၁၉ ရောင်းချရမှုမှာ ဒေါ်လာ ၄၁၃ သန်းခန့် (ယွမ်ငွေ ၂.၉ ဘီလျံ) ခန့်ဖြစ်ပြီး ယခု စစ်ဆေးမှု ပေါ်ပေါက်သည့် ကိန်းဂဏန်းများနှင့် ကွာဟနေခဲ့သည်။

(ပုံတွင်ဖေါ်ပြထားသူမှာ CFO ဘဏ္ဏာရေးအရာရှိချုပ် ရိန်းနော့ ရှာကယ်ခ် ဖြစ်သည်။)

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Orio Economics

source: cnbc, bloomberg, getty images

%d bloggers like this: