0

သမ္မတလောင်းဝင်အရွေးခံမည်ဟု ကြေညာပြီးနောက် Kanye West စီးပွားရေးချေးငွေသန်းပေါင်းများစွာရရှိ

Share

Kanye West ၏ ဖက်ရှင်လုပ်ငန်း brand Yeezy သည် ဖယ်ဒရယ်အစိုးရ၏ Payment Protection Program (PPP) မှတဆင့် အသေးစား စီးပွားရေးလုပ်ငန်းချေးငွေသန်းပေါင်းများစွာ ရရှိခဲ့ကြောင်း ပြီးခဲ့သည့်တနင်္လာနေ့က ထုတ်ပြန်ချက်အရသိရှိရသည်။
Yeezy LLC အတွက်ချေးငွေသည် အမေရိကန်ဒေါ်လာ ၂ သန်းမှ ၅သန်းအထိရှိပြီး အလုပ်အကိုင် ၁၀၆ မျိုးကိုဖန်တီးပေးနိုင်မည်ဖြစ်သည်။ အသေးစားစီးပွားရေးလုပ်ငန်းရှင်များက ချေးငွေ၏ ၆၀% ကို ဝန်ထမ်းလစာငွေပေးချေရာတွင် အသုံးပြုပါက ချေးငွေ၏ တစ်ရာခိုင်နှုန်းကို လျှော်ပေးမည်ဖြစ်သည်။

PPP ကိုမေလတွင် ဖွဲ့စည်းခဲ့ပြီး ဝန်ထမ်း ၅၀၀ အောက်ရှိသည့် အသေးစားစီးပွားရေးလုပ်ငန်းများကို အထောက်အကူပေးနိုင်ရန်တည်ထောင်ထားခြင်းဖြစ်သည်။ Yeezy ကဲ့သို့ လက်လီဆိုင်လုပ်ငန်းများနှင့် ကိုရိုးနားဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ပိတ်သိမ်းခဲ့ရသော အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများသည် အဆိုပါအဖွဲ့အစည်းထံမှ ချေးငွေများလက်ခံရရှိခဲ့သည်။

West သည် Yeezy ကို ၂၀၀၉ ခုနှစ်တွင်တည်ထောင်ခဲ့ပြီး ကုမ္ပဏီကျေးဇူးကြောင့် ဧပြီလတွင် Forbes ထံမှ ဘီလျံနာတဦးအဖြစ် တရားဝင်အသိအမှတ်ပြုခြင်းခံခဲ့ရသည်။ New York Times မဂ္ဂဇင်းက Yeezy သည် ဒေါ်လာ ၁.၃ ဘီလျံဝင်ငွေရရှိနေသော Brand အဖြစ်မနှစ်ကကြေညာခဲ့သည်။

ဂရမ်မီ ၂၁ ဆုရှင် West သည် ၂၀၂၀ တွင် အမေရိကန်သမ္မတလောင်းအဖြစ် ဝင်ရောက်အရွေးခံမည်ဖြစ်ကြောင်း ဂျူလိုင်လ ၄ ရက်နေ့တွင် Twitter စာမျက်နှာမှတဆင်ကြေညာခဲ့သည်။

အခြား စီးပွားရေးတိုင်ကွန်ကြီးများဖြစ်သည့် Tesla ၏ CEO Elon Musk နှင့် Dallas Mavericks ပိုင်ရှင် Mark Cuban တို့ကလဲ West ဝင်ရောက်အရွေးခံမှုကို ထောက်ခံကြောင်းဖော်ပြခဲ့ကြသည်။ သို့သော် FEC တွင် ၂၀၂၀ အတွက်ဝင်ရောက်အရွေးခံမည့် West နှင့်ပါတ်သတ်သည့် စာရွက်စာတမ်း တစုံတရာမရှိသေးကြောင်း Pitchfork ကထုတ်ပြန်ထားသည်။ ထို့ပြင် ပြည်နယ်အများစုတွင် ဆန္ဒမဲခံယူရမည့် deadline မှာလည်း ကျော်လွန်သွားခဲ့ပြီဖြစ်သည်။

West နှင့်ဇနီးဖြစ်သူ Kim Kardashian West တို့သည် သမ္မတ Donal Trump နှင့်အိမ်ဖြူတော်တွင် ကြိမ်ဖန်များစွာ တွေ့ဆုံခဲ့ဖူးပြီး တရားဥပဒေစိုးမိုးမှု၊ မျှတမှုတို့နှင့် ပါတ်သတ်၍ ဆွေးနွေးခဲ့ကြဖူးသည်။

ဆယ်လီဇနီးမောင်နှံသည် ကိုရိုးနားဗိုင်းရပ်စ်ကပ်ရောဂါကာလအတွင်းတွင် သူတို့၏ချမ်းသာကြွယ်ဝမှုတို့ကို မကြာခဏ ကြွားဝါမှု ဂုဏ်ဖော်မှုများပြုလုပ်လေ့ရှိသောကြောင့် ပြည်သူများ၏ ဝေဖန်မှုများခံခဲ့ရဖူးသေးသည်။

West က ဇနီးဖြစ်သူအား တရားဝင်ဘီလျံနာ တဦးဖြစ်လာခဲ့ခြင်းအတွက် ပြီးခဲ့သည့် လက Twitter ကတဆင့် ဂုဏ်ပြုစကားဆိုခဲ့သည်။ သို့သော် Forbes က Kardashian West သည် အမှန်တကယ် ဒေါ်လာ သန်း ၉၀၀ သာကြွယ်ဝသောကြောင့် ဘီလျံနာမဟုတ်သေးကြောင်း ငြင်းဆိုထားသည်။

Source: Fox Business News
Photo: India TV News
ကူးယူဖော်ပြခြင်းခွင့်မပြုပါ။

%d bloggers like this: