0

၂၀၂၀ခုနှစ်အတွက် အကောင်းဆုံး K-POP Entertainment Company အဖြစ်ရွေးချယ်ခံရတဲ့ BTS အဖွဲ့ရဲ့ Big Hit Entertainment

Share

         photo: allkpop.com

          ဒီသတင်းကိုတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီတုန်းက SEOULZ မဂ္ဂဇင်းက ရွေးချယ်ဖော်ပြခဲ့တာဖြစ်ပြီး Big Hit Entertainment ဟာ သူ့အရင် K-POP Entertainment giant ကြီးတွေဖြစ်တဲ့ SM Entertainment, YG Entertainment, JYP Entertainment တို့ကိုကျော်ဖြတ်ပြီး နံပါတ် (၁) နေရာကိုရခဲ့တာဖြစ်ပါတယ်။ အရင် ဆယ်စုနှစ်တွေတုန်းက K-POP Industry မှာ YG Entertainment နဲ့ SM Entertainment ဟာ သူတစ်ပြန် ကိုယ်တစ်ပြန် နံပါတ် (၁) နေရာယူခဲ့ကြပေမဲ့ ပြီးခဲ့တဲ့ ၂၀၁၈ တုန်းက YG Entertainment ရဲ့ Bigbang အဖွဲ့ဝင် Seungri ရဲ့ လိင်ကိစ္စအရှုပ်တော်ပုံဇာတ်လမ်းတွေ ထွက်လာအပြီးမှာ YG Entertainment ရဲ့ အရှိန်အဝါဟာ တော်တော်လေးကို ကျဆင်းသွားခဲ့ရပါတယ်။
          ခုဆို YG Entertainment ဟာ SM Entertainment နဲ့ JYP Entertainment တို့ရဲ့နောက် အဆင့်(၄)နေရာမှာ ရပ်တည်နေရပါတယ်။ တကယ်ဆို ခုနံပါတ်(၁) နေရာမှာရွေးချယ်ခံရတဲ့ Big Hit Entertainment ဟာ ၂၀၀၇ခုနှစ်လောက်တုန်းကဆိုရင် ဒေဝါလီမခံဖို့ကိုတောင် တော်တော်ရုန်းကန်ခဲ့ရတာပါ။ ဒါပေမဲ့ သူတို့စင်တင်ပေးထားတဲ့ BTS အဖွဲ့ဟာ ၂၀၁၇မှာ အမေရိကန်နိုင်ငံတစ်ဝှမ်း လျမ်းလျမ်းတောက် အောင်မြင်ပြီးတဲ့နောက် ခုဆိုရင်တော့ ကိုးရီးယားနိုင်ငံရဲ့ အရှိန်အဝါကြီး Entertainment ကုမ္ပဏီအဖြစ် လက်မထောင်နိုင်ခဲ့ပါတယ်။
       

         photo: wallpaperaccess.com

          SEOULZ မဂ္ဂဇင်းရဲ့ ကြေငြာချက်မှာတော့ သူတို့ဟာ ဒီစာရင်းကို ထုတ်ပြန်ရာမှာ အချက်(၄)ချက်ကို ကြည့်ပြီး ရွေးချယ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒါတွေကတော့-
(၁)သူတို့စင်တင်ပေးထားတဲ့ အဖွဲ့တွေရဲ့ အနုပညာပါရမီ
(၂)ဈေးကွက်အတွင်း အမြတ်ရရှိမှု
(၃)နောက်အနာဂတ်အတွက် အလားအလာ
(၄)ဆိုရှယ်မီဒီယာတွေပေါ် လွှမ်းမိုးနိုင်မှု စတာတွေပဲဖြစ်ပါတယ်။
          သူတို့ရဲ့တွက်ချက်မှုအရ BTS အဖွဲ့ဟာ မနှစ်က ကိုးရီးယား ဖျော်ဖြေရေးဈေးကွက်ထဲကို ဒေါ်လာ ၃.၈ ဘီလီယံ (သန်း ၃၈၀၀) လောက်ယူဆောင်ပေးခဲ့ပြီး နောက်ဆယ်စုနှစ်အတွင်းမှာလည်း ဒေါ်လာ ၄၀ ဘီလီယံလောက် ထပ်ယူဆောင်ပေးနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ SEOULZ မဂ္ဂဇင်းရဲ့ စာရင်းထဲမှာ JYP Entertainment, SM Entertainment, YG Entertainment တို့က အဆင့် (၂)၊ (၃)၊ (၄) အနေနဲ့ အစဉ်လိုက်ရပ်တည်နေပါတယ်။
ကူးယူဖော်ပြခွင့်မပြုပါခင်ဗျား။

Source: seoulz.com

%d bloggers like this: