အင်ဒိုနီးရှား အစိုးရဟာ မြို့တော် ဂျာကာတာမှာရှိတဲ့ အစိုးရရုံးတွေနဲ့ ကုမ္ပဏီတွေကို ရုံးတက်ရုံးဆင်းချိန် လူထူထပ်တာ ကာကွယ်ဖို့အတွက် အလုပ်ချိန်အသစ်တွေ ပြောင်းလဲရမှာ ဖြစ်ကြောင်း ကြေငြာခဲ့ပါတယ်။ ဒီနေ့ တနင်္လာနေ့ (၁၄-၀၆-၂၀၂၀) ကစလို့ မြို့တော် ဂျာကာတာက ရုံးတွေဟာ မနက် ၇နာရီနဲ့ ၇နာရီခွဲကြား၊ ဒါမှမဟုတ် ၁၀နာရီနဲ့ ၁၀ နာရီခွဲကြားကို ရုံးတက်ချိန်အဖြစ်သတ်မှတ်ရမှာဖြစ်ပြီး ၇နာရီတက်ရမှာလား၊ ၁၀နာရီတက်ရမှာလားဆိုတာကိုတော့ အမျိုးသား ကိုဗစ်-၁၉တိုက်ဖျက်ရေး အထူးအဖွဲ့ကနေ အလှည့်ကြသတ်မှတ်ပေးသွားမှာပါ။
အမျိုးသား ကိုဗစ်-၁၉တိုက်ဖျက်ရေး အထူးအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ ဂျာကာတာမြေအောက်ရထားတွေရဲ့ စီးနင်းသူ ၇၅ရာခိုင်နှုန်းဟာ ရုံးအလုပ်သမားတွေဖြစ်ပြီး အဲထဲကမှ ၄၅ရာခိုင်နှုန်းဟာ ရုံးတက်ရုံးဆင်းချိန်တွေ တူညီနေကြပါတယ်။ ဒီလို လူအများကြီးကို ရထားထဲမှာ Social Distancing လုပ်ဖို့မဖြစ်နိုင်တဲ့အတွက် ခုလို ရုံးတက်ချိန်တွေ ပြောင်းလဲရတာပဲ ဖြစ်တယ်လို့ ဆိုသွားပါတယ်။ အင်ဒိုနီးရှားနိုင်ငံဟာ မနေ့က တနင်္ဂနွေနေ့မှာ ပိုးတွေ့လူနာသစ် ၈၅၇ ယောက်ရှိခဲ့ပြီး စုစုပေါင်း ၃၈၂၇၇ ယောက်ထိ ပိုကူးစက်ခံထားရကာ အာဆီယံမှာတော့ ဒုတိယအများဆုံးဖြစ်ပါတယ်။ နောက်ပြီး ကူးစက်ခံရသူအများစုက ဂျာကာတာကဖြစ်နေတာပါ။
အင်ဒိုနီးရှားနိုင်ငံဟာ ခုဆို ကန့်သတ်မှုတွေကို ဖြေလျှော့ပေးဖို့ စဉ်းစားနေပြီဖြစ်တဲ့အတွက် ခုလိုရှေ့ပြေးအနေနဲ့ အလုပ်ချိန်ကိုခွဲခြားသတ်မှတ်ကာ လူထူထပ်မှုကို ကာကွယ်တာပဲဖြစ်ပါတယ်။ ခုအစီအစဉ်ဟာ ရထားတွေရဲ့ သယ်ဆောင်နိုင်တဲ့ လူအရေအတွက်နဲ့ စီးနင်းမဲ့လူအရေအတွက်ဟာ အံဝင်ခွင်ကျ social distancing လုပ်ပြီးသားဖြစ်နေမယ်လို့ မျှော်လင့်မိကြောင်း တာဝန်ရှိသူတွေက ပြောကြားသွားပါတယ်။ ဒါ့အပြင် ခုလို အလုပ်ချိန်ပြောင်းတာတွေသာမက ဖြစ်နိုင်ရင် ကုမ္ပဏီတွေဟာ work from home ကို တတ်နိုင်သလောက် လုပ်ဆောင်သွားဖို့ တိုက်တွန်းထားပါသေးတယ်။
ကူးယူဖော်ပြခွင့်မပြုပါ။
Source: The Strait Time
Photo: Jakarta Globe