Alibaba Group ၏ co-founder ဖြစ်သူ Jack Ma က သူ၏ Twitter account ကို မကြာခင်ကပဲ ဖွင့်လှစ်ခဲ့ပြီး ပထမဆုံး သူ့ရဲ့tweet ကတော့ China Eastern Airline လေကြောင်းလိုင်းနှင့် အတူ Coronavirus စစ်ဆေးရာမှာ အသုံးပြုတဲ့ ကိရိယာ တန်ဆာပလာများနှင့် Masks တွေ ပါတဲ့ သေတ္တာပုံး ဓါတ်ပုံတွေပဲ ဖြစ်ပါတယ်။ ဒီသေတ္တာပုံးတွေကို ရှန်ဟိုင်းမှ အမေရိက ဆီကို Jack Ma က ပေးပို့ခဲ့တာပါ။
အမေရိကမှာရှိတဲ့ ကျွန်တော်တို့ မိတ်ဆွေတွေ အတွက် ဆုတောင်းပါတယ် လို့ Jack Ma ကရေးသားထားပါတယ်။ ပထမ တစ်နာရီအတွင်းမှာပဲ Jack Ma ရဲ့post အောက်မှာ comment လုပ်သူပေါင်း ၃၅၀၀ နှင့် Likes ၂၀၀၀ ကျော် ရရှိခဲ့ပါတယ်။ သူ့ရဲ့Profile မှာတော့ Jack Ma က “ဆရာ၊ လောက အကျိုးပြုသူ၊ စွန့်ဦးတီထွင်သူ” လို့ဖော်ပြထားပြီး တစ်နာရီအတွင်းမှာ followers ၁၀၀၀၀ ရရှိခဲ့ပါတယ်။
Twitter ရဲ့CEO ဖြစ်သူ Jack Dorsey က Twitter မှ ကြိုဆိုကြောင်း Jack Ma ရဲ comment ပေးခဲ့ပါသေးတယ်။ Bloomberg Billionaires Index အရ Jack Ma ဟာ ယခုလက်ရှိ အာရှတဝန်းမှာ အချမ်းသာဆုံး ဘီလျံနာ တစ်ဦးဖြစ်ပါတယ်။
Jack Ma Foundation နှင့် Alibaba Foundation ကနေပြီး ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးတဲ့ ကိရိယာတွေနဲ့ Mask အခုပေါင်း ၅သိန်း ကို အမေရိကသို့ပို့ဖို့ ပြင်ဆင်ထားကြောင်း ပြီးခဲ့တဲ့ သောကြာနေ့က ကြေငြာခဲ့ပါတယ်။ အမေရိက အပြင် ဂျပန်၊ တောင်ကိုရီးယား၊ အီတလီ၊ အီရန် နှင့် စပိန် တို့ဆီလဲ ပေးပို့သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
“ကျွန်တော်တို့ တရုတ်ပြည်မှာ ကြုံတွေ့ခဲ့တဲ့ အတွေ့အကြုံကို ယူပြီး ဗိုင်းရပ်စ်ကို အထိရောက်ဆုံးနှင့် အမြန်ဆုံး ကာကွယ်ဖို့က ထိရောက်တဲ့ ကိရိယာပစ္စည်းတွေနှင့် ဆေးဝန်ထမ်းနှင့် ဆရာဝန်တွေအတွက် အလိုအပ်ဆုံးဖြစ်တဲ့ အကာအကွယ်ပစ္စည်းတွေ ဖြစ်တယ်” လို့Jack Ma ကဆိုပါတယ်။ “နောက်ပြီး ဗိုင်းရပ်စ်ကို အမြန်ဆုံး ထိန်းချုပ်ပစ်ဖို့ ကျွန်တော်တို့အနေနဲ့ ရရှိခဲ့တဲ့ အတွေ့အကြုံတွေကို သင်ခန်းစာယူဖို့နဲ့ နိုင်ငံနယ်နိမိတ်တွေကို ဖျောက်ဖျက်ထားဖို့ပါပဲ” လို့ဆိုပါတယ်။
ယခင်တုန်းက Jack Ma က သူ၏ Weibo account မှ ယွမ် ၁၀၀ မီလျံ (ဒေါ်လာ ၁၄.၅ မီလျံ) ကို သူ၏ ဖောင်ဒေးရှင်းမှ တဆင့် ဆေးဘက်ဆိုင်ရာ သုသေသနဌာန နှင့် ရောဂါကာကွယ်ရေးဌာနတွေဆီ လှူဒါန်းမဲ့အကြောင်း ကြေငြာခဲ့ပါသေးတယ်။