0

အီတလီတွင် ပထမဆုံးအကြိမ်အဖြစ် ကိုရိုးနားကြောင့် သေဆုံးသူအရေအတွက် တရုတ်နိုင်ငံကို စတင်ကျော်လွန်

Share

photo: pexels, orio economics

အီတလီတွင် ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့ကမှ ကိုရိုးနားဗိုင်းရပ်စ် စတင်ဖြစ်ပွားသော်လည်း ယခုအခါ သေဆုံးသူဦးရေမှာ တရုတ်ကို ကျော်လွန်သွားပြီဖြစ်သည်။ ပြီးခဲ့သည့် ၂၄ နာရီအတွင်း သေဆုံးသူဦးရေမှာ ၄၂၇ ယောက်မှ ၃၄၀၅ ယောက်အထိ ရုတ်ချည်းမြင့်တက်သွားခြင်းဖြစ်ကြောင်း သက်ဆိုင်ရာ တရားဝင်အဖွဲ့အစည်းများက ပြောကြားခဲ့သည်။
ယခုအခါတွင် အီတလီ၌ ကူးစက်သူ ၄၁၀၃၅ ယောက်ရှိနေပြီး ကမ္ဘာတစ်ဝှမ်းလုံး၏ လောလောဆယ် ထက်ဝက်အရေအတွက်ထက်များပြားနေသည်။
အီတလီ ကျန်းမာရေးအာဏာပိုင်အဖွဲ့အစည်းများက ပြောကြားသည်မှာ ဗိုင်းရပ်စ်ကူးစက်မှုဒဏ်ကို သက်ကြီးပိုင်းအများစုရှိရာ အီတလီတွင် အများဆုံးခံစားနေရပြီး လူငယ်ပိုင်းများတွင် ရောဂါပြင်းထန်မှုများရှိခဲ့သော်လည်း၊ ခံနိုင်ရည်မရှိသော သက်ကြီးပိုင်းအရွယ်များကြောင့် ယခုလို စာရင်းတိုးကာများပြားလာရခြင်းဖြစ်ကြောင်း ဆိုသည်။
သေဆုံးသူအများစုမှာ အသက် ၇၀ ကျော် အရွယ်များဖြစ်ပြီး၊ ၎င်းအချင်းအရာသည် သေဆုံးမှု စုစုပေါင်း၏ ၈၇% ဖြစ်ကြောင်းသိရသည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Orio Economics

source: foxnews, pexels

%d bloggers like this: