0

ဗင်နီဇွဲလားသို့ ရေနံတင်ပို့ခြင်းကို ဝင်ရောက်မစွက်ဖက်ရန် အမေရိကန်အား အီရန်သတိပေး

Share

     ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနဟာ အီရန်နိုင်ငံအနေနဲ့ ဗင်နီဇွဲလားကို ရေနံတင်ပို့တဲ့ ကိစ္စမှာ အမေရိကန်နိုင်ငံက ကြားဝင်မစွက်ဖက်ဖို့ သတိပေးလိုက်ပါတယ်။ ဘာလို့လဲဆိုတော့ ပြီးခဲ့တဲ့အပတ်တုန်းက အမေရိကန်တာဝန်ရှိသူတွေက တကယ်လို့ အီရန်ဟာ အမေရိကန်က အရေးယူပိတ်ဆို့မှုတွေလုပ်နေတဲ့ ဗင်နီဇွဲလားနိုင်ငံကို ကူညီထောက်ပံံ့မှုတွေလုပ်ရင် အရေးယူတုံ့ပြန်သွားမယ်လို့ ရိုက်တာသတင်းဌာနကို ပြောခဲ့ဖူးလို့ပါ။ အမေရိကန်ဟာ ဗင်နီဇွဲလားသမ္မတ မာဒူရိုဦးဆောင်တဲ့ အစိုးရကို ဖိအားပေးဖို့အတွက် အရေးယူပိတ်ဆို့မှုတွေ လုပ်ခဲ့တာကြာပါပြီ။ ဗင်နီဇွဲလားနိုင်ငံရဲ့ အဓီကထုတ်ကုန်ဖြစ်တဲ့ ရေနံနဲ့ သဘာဝဓါတ်ငွေ့ ကဏ္ဍကို အဓိကထားပိတ်ဆို့ခဲ့တာဖြစ်တဲ့အတွက် ဗင်နီဇွဲလားနိုင်ငံရဲ့ စွမ်းအင်ကဏ္ဍဟာ နိုင်ငံခြားရင်းနှီမြှုပ်နှံမှုတွေ မရှိတော့သလို အပိုပစ္စည်းတွေ ဝယ်ယူလို့မရတော့တဲ့အတွက် ရေနံချက်စက်ရုံတွေလည်း ရပ်နားထားရပါတယ်။ ဒါ့အပြင် ကိုရိုနာဗိုင်းရပ်ကြောင့် ရေနံဈေးတွေကလည်း ထိုးကျခဲ့တဲ့အတွက် သိုလှောင်ထားတဲ့ ရေနံတွေကို အမြတ်ရအောင်လဲ မရောင်းနိုင်ခဲ့ပါဘူး။
     ဒါကြောင့် ပြီးခဲ့တဲ့လလောက်ကနေစကာ အမေရိကန်ရဲ့ အရေးယူပိတ်ဆို့ထားခြင်းခံရတဲ့ ဒီနှစ်နိုင်ငံဟာ သံတမန်ဆက်ဆံရေး တိုးမြှင့်မှုတွေ လုပ်ဆောင်ခဲ့ပြီး အီရန်ကနေ ဗင်နီဇွဲလားကို ရေနံချက်စက်ရုံတွေအတွက် စက်အပိုပစ္စည်းတွေ ပို့ဆောင်ပေးခဲ့တယ်လို့ အထောက်အထားတွေ တွေ့ရှိခဲ့ရပါသေးတယ်။ အဲဒီတုန်းကတည်းက အမေရိကန်က ဗင်နီဇွဲလားနိုင်ငံဆိုင်ရာ အထူးစောင့်ကြည့်လေ့လာသူ အီလိယော့အီဘရမ်က ဗင်နီဇွဲလားအနေနဲ့ အီရန်ကအကူအညီတွေရဖို့အတွက် ရွှေသားတွေ ပေးခဲ့တယ်လို့ ပြောဆိုခဲ့တာရှိပါတယ်။
     ခုခါမှာတော့ ရေနံတင်သင်္ဘောတွေရဲ့လမ်းကြောင်းကို ခြေရာခံနိုင်တဲ့ ဆော့ဝဲအကူအညီအရ ရေနံတင်သင်္ဘောတစ်စီးဟာ အီရန်ဆိပ်ကမ်းကနေ ရေနံတွေ တင်ဆောင်ပြီး အခုအခါမှာ ဗင်နီဇွဲလားကို ဦးတည်ခုတ်မောင်းနေတယ်လို့ အမေရိကန်အစိုးရကပြောကြားခဲ့ပြီး ကြားဖြတ်ဟန့်တားသွားမယ်လိုလည်း ကြေငြာထားပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အီရန်နိုင်ငံခြားရေးဝန်ကြီး Mohammad Javad Zarif ဟာ ကုလသမ္မဂ အထွေထွေအတွင်းရေးမှူးချုပ်ကို လိပ်မူပြီး စာတစ်စောင်ပို့ခဲ့ကာ အမေရိကန်အနေနဲ့ ကာရစ်ဘီယံပင်လယ်ထဲက အီရန်ရေနံတင်သင်္ဘောကို ကြားဖြတ်ဟန့်တားမဲ့ကိစ္စအတွက် ပြင်းပြင်းထန်ထန်သတိပေးလိုက်ကြောင်း ရေးသားထားတာပါ။ ဒီထဲမှာဆိုရင် အမေရိကန်အနနဲ့ ကမ္ဘာ့ဇာတ်ခုံပေါ်မှာ ငပွကြီးလုပ်နေတာတွေရပ်ဖို့နဲ့ နိုင်ငံတကာစည်းမျဉ်းစည်းကမ်းတွေကို လေးစားလိုက်နာဖို့၊ အထူးသဖြင့် နိုင်ငံတကာရေပိုင်နက်ထဲက လွတ်လပ်စွာကုန်သွယ်ခွင့်ဥပဒေကို ဝင်မစွက်ဖို့ ရေးသားထားကြောင်း သိရပါတယ်။
ကူးယူဖော်ပြခွင့်မပြုပါ။
Source: Oil News
Photo: Middle East Online

%d bloggers like this: