ဘိုးရင်း 737 MAX လေယာဉ်များအားပိတ်ပင်ထားမှုကို အင်ဒို ပယ်ဖျက်

အရှေ့တောင်အာရှ၏အကြီးဆုံးစီးပွားရေးနိုင်ငံ အင်ဒိုနီးရှားသည် Boeing 737 MAX မော်ဒယ်များအား ပျံသန်းခွင့်ပိတ်ပင်ထားခြင်းကို ပယ်ဖျက်လိုက်ကြောင်းကြေညာလိုက်သည်။
တနင်္လာနေ့က အီသီသိုးပီးယားလေကြောင်းလိုင်းက ဘိုးရင်း 737 MAX များဖြင့် ပြန်လည် ပျံသန်းတော့မည်ဟု ကြေညာအပြီးတွင် အင်ဒိုနီးရှားကလည်း ယခုကဲ့သို့ ကြေညာလိုက်ခြင်းဖြစ်သည်။
လက်ရှိအချိန်တွင် ဘိုးရင်း 737 MAX များကို ပြန်လည်ခွင့်ပြုသည့် နိုင်ငံပေါင်း ၁၈၀ အထိ ရှိလာပြီဖြစ်သည်။

အင်ဒိုနီးရှားပို့ဆောင်ရေးဝန်ကြီးဌာန၏ ကြေညာချက်အရ ပြန်လည်ပျံသန်းခွင့်ပြုသည့် ညွှန်ကြားချက်သည် ချက်ချင်းသက်ရောက်မည်ဖြစ်သည်ဟု သိရသည်။
ဘိုးရင်း ၇၃၇ မော်ဒယ်များ မပျံသန်းမီ စစ်ဆေးခြင်းနှင့် အစိုးရအာဏာပိုင်အဖွဲ့များက ထပ်မံစစ်ဆေးခြင်းများလည်း ပြုလုပ်သွားမည်ဟု ဆိုသည်။

737 MAX များအား မတားမြစ်မီက အင်ဒိုဘတ်ဂျက်လေကြေင်းလိုင်းကြီးဖြစ်သော Lion Air လေကြောင်းသည် အဆိုပါ မော်ဒယ်အမျိုးအစား လေယာဉ်ပေါင်း ၁၀ စီးကို အသုံးပြုခဲ့သည်။
အင်ဒိုနီးရှားအစိုးရပိုင် Garuda လေကြောင်းကမူ ကြွေးမြီနှင့်ပတ်သက်၍ ပြန်လည်ပြင်ဆင်မှုများပြုလုပ်နေသဖြင့် ဘိုးရင်း ၇၃၇ များကို ပြန်လည်တင်သွင်းရန် အစီအစဉ်မရှိချေ။

Boeing 737 MAX များသည် ၃ နှစ်ခန့် ရပ်နားနေရပြီးနောက် ပြန်လည်ပြင်ဆင်မှုများပြုလုပ်ပြီး ခရီးသည်များရှေ့သို့ ပြန်လည်ရောက်ရှိတော့မည်ဖြစ်သည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: BBC Business, The Globe and Mail
Image: Skift

Share