အိန္ဒိယအစိုးရအနေဖြင့် တွစ်တာကိုနိုင်ငံအတွင်း ဘလော့ရန်နှင့် ဝန်ထမ်းများကို ဖမ်းဆီးစစ်ဆေးခြင်းပြုရန် ခြိမ်းခြောက်ခဲ့ဖူးကြောင်း အမေရိကန်အခြေစိုက် YouTube channel တစ်ခုနှင့် အင်တာဗျူးတွင် CEO ဟောင်းဖြစ်သူ ဂျက်ဒေါ်ဆီက ဖြေကြားခဲ့ခြင်းဖြစ်သည်။
၂၀၂၀ ခုနှစ်တွင် အိန္ဒိယ၌ဖြစ်ပွားခဲ့သော လယ်သမားဆန္ဒပြမှု အရေးအခင်းနှင့် ပတ်သက်၍ တွစ်တာပို့စ်များနှင့်.အကောင့်များကို ဖျက်သိမ်းရန် အိန္ဒိယအစိုးရက.ဖိအားပေးခဲ့ခြင်းဖြစ်ကြောင်းနှင့်၊ ဂျာနယ်လစ်များ၏ ပိုစ့်များကိုလည်း ဆင်ဆာပြုလုပ်ရန် ညွှန်ကြားခဲ့ကြောင်း ဂျက်ဒေါ်ဆီက ပြောကြားခဲ့သည်။
အိန္ဒိယအီလက်ထရောနစ်နှင့် ဆက်သွယ်ရေးဝန်ကြီးက ဒေါ်ဆီ၏ စွပ်စွဲချက်မှာ အခြေအမြစ်မရှိကြောင်း တုံ့ပြန်ခဲ့ပြီး အမှန်တကယ်တွင် တွစ်တာကသာ အိန္ဒိယအစိုးရချမှတ်ထားသည့် ဥပဒေစံနှုန်းများကိုလိုက်နာရန်ပျက်ကွက်ခဲ့ခြင်း ဖြစ်ကြောင်း တွစ်တာတွင်ပို့စ်ပြန်တင်ခဲ့သည်။
ဂျက်ဒေါ်ဆီအနေဖြင့် တွစ်တာကို အီလွန်မက််စ်ဝယ်ယူခဲ့သည့် ၂၀၂၂ မတိုင်ခင် ၂၀၂၁ ကတည်းက CEO.အဖြစ်မှ အနားယူခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင်လည်း တွစ်တာသည် လွတ်လပ်စွာ.ထုတ်ဖော်ပြောဆိုခွင့်ကို အားပေးမည်ဟူသော အီလွန်မက်စ်၏ ပေါ်လစီကြောင့် နိုင်ငံအချို့တွင် အငြင်းပွားမှုများနှင့် ရင်ဆိုင်နေရချိန်ဖြစ်သည်။
အဆိုပါ.အင်တာဗျူးတွင် ဒေါ်ဆီက အိန္ဒိယကဲ့သို့.ဒီမိုကရေစီနိုင်ငံတစ်ခုက တွစ်တာ၏ စံနှုန်းများကို သွေဖီ၍ အကောင့်နှင့် ပို့စ်များကို ဖယ်ရှားရန် ဖိအားပေးခြင်း၊ သည့်အပြင်.ထိုသို့မလိုက်နာပါက တွစ်တာကို အိန္ဒိယတွင် ဘန်းမည့်အပြင် တွစ်တာအိန္ဒိယ၏ ဝန်ထမ်းများကိုပါ ဖမ်းဆီးထောင်ချမည်ဟု ခြိမ်းခြောက်ခဲ့ခြင်းမှာ အလွန်အံ့အားသင့်စရာကောင်းကြောင်း ပြောပြခဲ့သည်။
၂၀၂၁တွင် အိန္ဒိယ၌ ဖြစ်ကြပွားခဲ့သည့် အဆိုပါ ဆန္ဒပြမှုသည် ကနဦးတွင် ငြိမ်းချမ်းစွာ စုဝေးခြင်းဖြစ်သော်လည်း နောက်ပိုင်းတွင်.ရဲများနှင့် ပဋိပက္ခများဖြစ်ပွားခဲ့ရပြီး ထိုစဥ်က တွစ်တာသည် အကောင့်ပေါင်း ၂၅၀ခန့်ကို ယာယီပိတ်သိမ်းခဲ့သေးသည်။
သို့သော်လည်း.မကြာမီတွင် အကြောင်းပြချက်မခိုင်လုံသဖြင့် အကောင့်အားလုံးကို.ပြန်ဖွင့်ပေးခဲ့ပြီး အိန္ဒိယအစိုးရဘက်က ဖိအားပေးခြင်းမှာလည်း.ထိုအချိန်က စတင်ခဲ့သည်။
တွစ်တာကတော့ ၎င်းတို့အနေဖြင့် မီဒီယာများ၊ အဖွဲ့အစည်းများ၊ တက်ကြွလှုပ်ရှားသူများ၏ အကောင့်များကို အကြောင်းပြချက်မရှိဘဲ မပိတ်နိုင်ကြောင်း၊ ထိုသို့ ပိတ်ခြင်းသည် အိန္ဒိယအစိုးရဥပဒေတွင်ဖော်ပြထားသည့် နိုင်ငံသားတစ်ယောက်၏ လွတ်လပ်စွာပြောဆိုခွင့်ကို ချိုးဖောက်ခြင်းဖြစ်ကြောင်း တုံ့ပြန် ခဲ့သည်။
ထိုအချိန်မှစတင်၍ တွစ်တာနှင့် မိုဒီအစိုးရအကြားတင်းမာမှုမှာ စတင်ခဲ့ပြီး ယခုဒေါ်ဆီ၏ ပြောကြားချက်ကိုလည်း အိန္ဒိယဝန်ကြီးက အလိမ်အညာများသာဖြစ်ကြောင်း တုံ့ပြန်ခဲ့ပြီး တွစ်တာသည်အခုအချိန်ထိ အိန္ဒိယတွင်လည်ပတ်နေကြောင်းနှင့် မည့်သည့်ဝန်ထမ်းမှလည်း ထောင်ထဲမရောက်ခဲ့ကြောင်း ချေပခဲ့သည်။
Source: BBC, Aljazeera
Photo: tech crunch