0

COVID-19 စံချိန်တင်ကူးစက်ခံရသည့်ရက်အပြီး အိန္ဒိယတွင် ဟိုတယ်နှင့်စားသောက်ဆိုင်များပြန်ဖွင့်

Share

အိန္ဒိယနိုင်ငံတွင် အသွားအလာကန့်သတ်သတ်မှု lockdown သီတင်းပတ် ၁၀ ပတ်မျှအကြာ ယနေ့ တနင်္လာနေ့တွင် ဈေးဝယ်စင်တာများ၊ စားသောက်ဆိုင်များ၊ ဟိုတယ်များနှင့် ဘာသာရေးဆိုင်ရာ ဝတ်ပြုရာနေရာများကို ပြန်လည်ဖွင့်ခွင့်ပေးလိုက်ပြီဖြစ်သည်။

ယခုကဲ့သို့ လူအများနှင့် ဆိုင်သော နေရာများ မဖွင့်မီ တနင်္ဂနွေနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁ သောင်းနီးပါးအဖြစ် ၁ ရက်အတွင်းကူးစက်မှု စံချိန်တင် မြင့်တက်ခဲ့သည်။

အိန္ဒိယ ကျန်းမာရေး ဝန်ကြီးဌာနမှ လက်ရှိကူးစက်သူဦးရေ ၂၄၆,၆၂၈ ဦးရေ ရှိပြီး သေဆုံးသူဦးရေမှာ ၆၉၂၉ ဟု ကြေငြာထားသော်လည်း အမှန်တကယ်ဖြစ်ပွားနေသည့် အရေအတွက်မှာ ထိုထက် ပိုမိုများပြားနိုင်သည်။

နိုင်ငံ၏ စီးပွားရေး အင်ဂျင်ကို ပြန်လည်းနှိုးသည့် အနေဖြင့် မေလတွင် ရထားများ၊ ပြည်တွင်လေကြောင်းခရီးစဉ်များကို ခွင့်ပြုခဲ့ပြီး ကုန်ထုတ်လုပ်ရေးလုပ်ငန်းများကိုလည်း ပြန်လည် လည်ပတ်စေခဲ့ပြီးဖြစ်သည်။

ယခု တနင်္လာနေ့သည် နိုင်ငံအတွက် Lockdown ဖြေ့လျှော့မှု နောက်ထပ်အဆင့် တစ်ခုဖြစ်လာမည်။

သို့သော်လည်း မြင့်တက်လာသော ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူအရေအတွက်သည် lockdown ပြုလုပ်ခဲ့ခြင်းအပေါ် မေးခွန်းထုတ်စရာဖြစ်နေခဲ့ပြီး ပြည်လည်ဖြေလျော့ချိန်များ ပြုလုပ်ရန် အချိန်ကိုက် ဟုတ်မဟုတ် သံသယဖြစ်ဖွယ်ရာ ဖြစ်လာခဲ့သည်။

ယခု ဖြေလျှော့မှုအဆင့်တွင် လုပ်ငန်းများအနေဖြင့် ကိုဗစ်အတွက် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လုပ်ဆောင်ရန် အိန္ဒိယ အစိုးရမှ တိုက်တွန်းထားသည်။

စားသောက်ဆိုင်များ အနေဖြင့် ပါဆယ်ထုတ်ယူခြင်းများကိုသာ အားပေးရန်နှင့် ဆိုင်တွင်ထိုင်စားမည့် လူအရေအတွက်ကိုလည်း ၅၀ ဦးထက် မပိုရန် ညွှန်ကြားထားသည်။

ဟိုတယ်များ အနေဖြင့်လည်း ဧည့်သည် အဝင်အထွက်ကို လူလူချင်း ထိတွေ့ဆက်ဆံခြင်းမရှိပဲ လုပ်ဆောင်ရန် နှင့် ဘာသာရေး ဝတ်ပြုသူများအနေဖြင့် ဘာသာရေး ခေါင်းဆောင်များနှင့် ထိတွေ့ခြင်းမရှိရန် အစိုးရမှ ညွှန်ကြားထားသည်။

နိုင်ငံအတွင်း၌ နယူးဒေလီနှင့် မွမ်ဘိုင်းမြို့များသည် ကူးစက်မှုဒဏ်အခံရဆုံး မြို့များ ဖြစ်လာခဲ့သည်။

အိန္ဒိယ ဗဟိုအစိုးရမှ ကန့်သတ်ချက်များ ဖြေလျှော့ရန် မီးစိမ်း ပြထားသော်လည်း ထိုမြို့များတွင်မူ ကန့်သတ်မှုများ ဆက်လက်ထားရှိရန် လိုနေသေးသည်။

နေရာဒေသအမျိုးမျိုးတွင် ထုတ်ပြန်ထားသော စည်းကမ်းအခြေအနေများ ကွဲပြားခြင်းကြောင့် ဟိုတယ်နှင့် စားသောက်ဆိုင်လုပ်ငန်းနယ်ပယ်သည် စီးပွားရေး နှေးကွေးနေဦးမည်ဖြစ်သည်ကို လက်ခံလျက် လုပ်ငန်းများ အရှိန်မြှင့်ရန် ကြိုးစားလျက်ရှိသည်။

ဟိန္ဒူရုပ်ရှင် နယ်ပယ်၏ ပင်မနေရာဖြစ်သော မွမ်ဘိုင်းတွင် မဟာရာရှ်ထရာပြည်နယ်အစိုးရမှ ပြန်လည်ခွင့်ပြုမိန့်ကြောင့် ရိုက်ကူးရေးများနှင့် ထုတ်လုပ်ရေးလုပ်ငန်းအပိုင်းများကို တနင်္လာနေ့မှစ ပြန်လည်ပြုလုပ်ကြမည်ဖြစ်သည်။

ရုပ်ရှင်ဒါရိုက်တာဖြစ်သူ Ashoke Pandit က လက်ရှိစည်းမျဉ်းများဖြင့် ရိုက်ကူးရေးများ ပြန်စရန် ဖြစ်နိုင်သော်လည်း တော်တော်များများမှာ စိန်ခေါ်မှုများဖြစ်နေသည်ဟု ဆိုသည်။

အစိုးရနေဖြင့် ရုပ်ရှင် ရိုက်ကွင်းတွင် ဆရာဝန်နှင့် လူနာတင်ကားများကို အသင့်အနေအထားရှိနေစေလိုပြီး၊ ယခုအနေအထားက ကိုဗစ်လူနာများအတွက် ဆရာဝန်များ လိုအပ်ချက်မြင့်မားနေချိန် ရိုက်ကွင်းအတွက် လိုအပ်သော ဆရာဝန်ရနိုင်ရန် ဖြစ်နိုင်ဖွယ်မရှိဟု ဆိုသည်။

ရိုက်ကွင်းတွင် အသက် ၆၅ နှစ်အထက် အရွယ်များကို တားမြစ်ထားသည်။

သို့သော်လည်း အိန္ဒိယတွင် နာမည်ကြီးသရုပ်ဆောင်အများစုမှာ ထိုအရွယ်တွင် ရှိနေကြပြီဖြစ်သည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Orio Economics

Source: South China Morning Post, Time

%d bloggers like this: