အာဖရိကနိုင်ငံ၊ ဆိုမာလီယာဘက်ကနေ အစပြုချီတက်လာတဲ့ သီးနှံဖျက်ကျိုင်းကောင်အုပ်ကြီးဟာ အိန္ဒိယကို ဝင်ရောက်ပြီး စတင်ဖျက်ဆီးနေပြီးဆိုတာ အားလုံးလည်း ဖတ်မိကြမှာပါ။ ခုဆိုရင်တော့ အိန္ဒိယအစိုးရဟာ ပိုးသတ်ဆေးဖြန်းစက်တွေတပ်ဆင်ထားတဲ့ ဖျက်ပိုးနှိမ်နင်းရေးအဖွဲ့ပေါင်း (၆၀) ဖွဲ့စည်းခဲ့ပြီး ဗဟိုအစိုးရအဖွဲ့တာဝန်ရှိသူတွေရယ်၊ ဒေသန္တရအစိုးရတာဝန်ရှိသူတွေရယ် ပူးပေါင်းကာ အိန္ဒိယနိုင်ငံမြောက်ပိုင်းနဲ့ အနောက်ပိုင်းဒေသတွေက သီးနှံစိုက်ခင်း ဟက်တာ ၁.၃သိန်းခန့်ကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပြီလို့ သိရပါတယ်။
အိန္ဒိယအစိုးရ စိုက်ပျိုးရေးဝန်ကြီးဌာနကတော့ ဒီလိုနှိမ်နင်းရေအဖွဲ့တွေအပြင် ပြင်ပကုမ္ပဏီ ၅ခုကိုလည်းငှါးရမ်းထားပြီး ဒရုန်း၁၂ခုကို အသုံးပြုကာ အပင်မြင့်တွေပေါ်ရောက်နေတဲ့ ကျိုင်းကောင်တွေကို ပိုးသတ်ဆေးနဲ့ ထပ်မံနှိမ်နင်းနေတယ်လို့ ဆိုပါတယ်။ စိုက်ပျိုးရေးဝန်ကြီးဌာနရဲ့ အကြီးတန်းအရာရှိတစ်ဦးကတော့ ဒီကျိုင်းကောင်တွေဟာ ဆိုမာလီယာကနေ အစပြုပြီး သူတို့ရဲ့ နွေရာသီသားပေါက်ရာအရပ်ဖြစ်တဲ့ အင်ဒို-ပါကစ္စတန်နယ်စပ်ကို အုံလိုက်ကျင်းလိုက်ရွှေ့ပြောင်းလာနေတာလို့ ပြောပါတယ်။ သူတို့ ဥဥချတဲ့ ပါကစ္စတန်နယ်စပ်နေရာက အိန္ဒိယနဲ့ အရမ်းနီးကပ်နေတဲ့အတွက် ဒီလိုမျိူးနိုင်ငံထဲကို အလုံးအရင်းနဲ့ ဝင်ရောSက်လာတာပါ။
ခုဆိုရင်တော့ ကုလသမ္မဂရဲ့ လက်အောက်ခံ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ FAO – Food and Agriculture Organization ကနေ ကြီးမှူးတဲ့ ကန္တရကျိုင်းကောင်နှိမ်နင်းရေး အစည်းအဝေးကို အနောက်တောင်အာရှနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယ၊ ပါကစ္စတန်၊ အီရန်၊ အာဖရန်နစ္စတန်နိုင်ငံတို့ဟာ အပတ်စဉ် ပါဝင်ဆွေးနွေးနေကြပါတယ်။ ကိုဗစ်ကာလဖြစ်တဲ့အတွက် ပါဝင်ကြတဲ့ ပညာရှင်တွေဟာ အင်တာနက်ကနေပဲ အစည်းအဝေးထိုင်ခဲ့ကြပြီး ဆွေးနွေးပွဲပေါင်း ၁၅ခုထက်မနည်း လုပ်ခဲ့ပြီးပြီလို့ သိရပါတယ်။။
ကူးယူဖော်ပြခွင့်မပြုပါ။
Source: The Economics Times
Photo: Scroll.In