0

အိန္ဒိယတွင် ကိုဗစ်ကူးစက်သူ ၂ သိန်းကျော်သို့ ရောက်ရှိ

Share

အာရှတိုက်အတွင်း ကူးစက်သူအများဆုံးဦးရေရှိနေသည့် အိန္ဒိယတွင် ယခုအခါ ကိုရိုနာကူးစက်ခံရသူဦးရေ ၂၀၈၁၇၁ ပမာဏသို့ ရောက်ရှိခဲ့ပြီဖြစ်သည်။

ပြန်လည် သက်သာလာသူဦးရေ ၁ သိန်း ရှိ၍ သေဆုံးသူမှာ ၅၈၁၅ ဦး ရှိပြီဖြစ်သည်။

နိုင်ငံ၏ စီးပွားရေး ပြန်လည်လုပ်ကိုင်ရန် စီစဉ်နေချိန်တွင် လူထုအနေဖြင့် အစုအဝေးများ မပြုလုပ်ကြရန် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက သတိပေးနေကြသည်။

အိန္ဒိယ အစိုးရအနေဖြင့် မတ်လ ကုန်ခါနီးအချိန်မှစ၍ အသွားအလာကန့်သတ်ခြင်းများ စတင်ပြုလုပ်ခဲ့သော်လည်း ရောဂါပျံ့နှံ့မှုကို မထိန်းချုပ်နိုင်ခဲ့ပေ။

သို့ရာတွင် ကူးစက်ရန် အခွင့်အလမ်းနည်းသော နေရာများတွင် စီးပွားရေးလုပ်ငန်းများ ပြန်လည်စတင်နိုင်ရန် ပြင်ဆင်နေပြီဖြစ်သည်။

ကမ္ဘာ့လူဦးရေ အထူထပ်ဆုံး နိုင်ငံတနိုင်ငံဖြစ်သည့် အိန္ဒိယတွင် ကူးစက်မှုအများဆုံး အခြေအနေမဟုတ်သေးကြောင်း အစိုးရလက်အောက်ခံ ဆေးသုတေသနဌာနမှ ထုတ်ပြန်ခဲ့သည်။

အိန္ဒိယထက် ကူးစက်သူပိုမိုများပြားသည့် နိုင်ငံတို့မှာ အမေရိကန်၊ ဘရာဇီး၊ ရုရှား၊ ဗြိတိန်၊ စပိန်နှင့် အီတလီတို့ဖြစ်ကြောင်း Johns Hopkins University မှ ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။

ပြီးခဲ့သည့် မေလက အိန္ဒိယအစိုးရအနေဖြင့် အသေးစား နှင့် အလတ်စား လုပ်ငန်းများကို ကယ်တင်ရန် အစီအစဉ်ရှိကြောင်း ကြေငြာခဲ့သည်။

မတ်လ အတွင်းကလည်း အခြေခံလူတန်းစားများအတွက် အစားအသောက်နှင့် ဆေးဝါးကိစ္စများသုံးရန် ရူပီးငွေ ၁.၇ ထရီလျံခန့် အသုံးပြုခဲ့သည်ကို တွေ့ရသည်။

ယခု နိုင်ငံ့စီးပွားရေး ကယ်တင်ရန် အသုံးပြုမည့် ကန်ဒေါ်လာ ၂၆၆ ဘီလျံတွင် အသေးစားနှင့် အလတ်စားလုပ်ငန်းများကို အဓိကထား ကူညီသွားမည်ဟု ကြေငြာထားသည်။

အိန္ဒိယ၏ GDP သည့် ၂.၉ ထရီလျံခန့် ရှိသည်ဖြစ်ရာ နိုင်ငံ၏ လုပ်ငန်းများရပ်တန့်ထားရသည့် မတ်လ ၂၄ ရက်မှ ယခု ကာလအထိ ဘီလျံနှင့် ချီသော လူဦးရေအားလည်း အိမ်များတွင်သာ နေထိုင်စေခဲ့သည့် အလျောက် ယခုအခါတွင် လုပ်ငန်းများ ပြန်လည်ဖွင့်လှစ်ရန်မှ တပါး အခြား ရွေးချယ်စရာမရှိဟု ဘောဂဗေဒပညာရှင် Rathin Ray က ပြောကြားခဲ့သည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Orio Economics

Source: CNBC, BBC Business, Worldometers, Time

%d bloggers like this: