အိန္ဒိယသည် အမြင့်ဆုံး တင်ပို့ကုန်ပမာဏဖြစ်သည့် ဒေါ်လာ ၄၀၀ ဘီလျံဖိုး ကုန်စည်တင်ပို့နိုင်ခဲ့မှုအား သတ်မှတ်ရက်ထက် ၉ ရက်စောကာ ယနေ့ မတ်လ ၂၃ ရက်နေ့တွင် ပြည့်မီရရှိခဲ့သည်။
FY22 ဖြစ်သော ပြီးခဲ့သည့် ၂၀၂၁ ဧပြီမှ ယခုနှစ် မတ်လကုန်အထိ အဆိုပါ ရည်မှန်းချက်အား ချမှတ်လုပ်ဆောင်ခဲ့ပြီး ဒီဇင်ဘာလအထိ တင်ပို့ကုန်ပမာဏမှာ ဒေါ်လာ ၃၀၀ ဘီလျံရှိခဲ့သည်ဟု အစိုးရကထုတ်ပြန်သောကိန်းဂဏန်းများအရသိရသည်။
ယခုအောင်မြင်မှုအတွက် လယ်သမားများ၊ ယက္ကန်းထည်အလုပ်သမားများ၊ အသေးစားနှင့်အလတ်စားလုပ်ငန်းများ၊ ထုတ်လုပ်ရေးလုပ်ငန်းများနှင့် တင်ပို့ကုန်လုပ်ကိုင်သူအားလုံးကို ဂုဏ်ပြုသည်ဟု ဝန်ကြီးချုပ် မိုဒီက တွစ်တာတွင် ရေးသားခဲ့သည်။
အိုမီခရွန်မျိုးကွဲပြံ့နှံ့နေသည့် ဒီဇင်ဘာလ ၁ လတည်းတွင် ဒေါ်လာ ၃၇ ဘီလျံဖိုးရှိ ကုန်ပစ္စည်းများကို တင်ပို့နိုင်ခဲ့သည်ဟု ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီး Piyush Goyal က ဇန်နဝါရီတွင် ပြောကြားခဲ့ဖူးသည်။
ယခု ဘဏ္ဍာရေးနှစ်အတွက် အိန္ဒိယသည် ပို့ကုန်ရည်မှန်းချက်ကို ဒေါ်လာ ၆၅၀ ဘီလျံဖိုးအထိ ပစ်မှတ်ထား၍ လုပ်ဆောင်သွားမည်ဟု သိရသည်။
သို့သော်လည်း အိန္ဒိယသည် တင်သွင်းကုန်ပမာဏ ပြီးခဲ့သည့် ဖေဖေါ်ဝါရီအထိ ဒေါ်လာ ၅၅၀ ဘီလျံအထိ ရှိနေရာ ကုန်သွယ်ရေးလိုငွေပြမှု မြင့်မားနေဆဲဖြစ်သည်။
ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: PIB Gov India, Economic Times: India Times, Commerce Gov India, Money Control, Times of India
Image: Forbes India