0

ဇန်နဝါရီတွင် အိန္ဒိယကျောက်မီးသွေးထုတ်လုပ်မှုမြင့်တက်

Share

ယခုနှစ် ၂၀၂၃၊ ဇန်နဝါရီလတွင် အိန္ဒိယနိုင်ငံ၏ ကျောက်မီးသွေးထုတ်လုပ်နှုန်းသည် ယခင်ဘဏ္ဍာရေးနှစ်နှင့်ယှဉ်လျှင် ၁၃% နီးပါး (၁၂.၉၄%) မြင့်တက်ခဲ့ပြီး ပမာဏအားဖြင့် ကျောက်မီးသွေးတန်ချိန် ၇၉.၆၅ သန်း ရှိခဲ့သည်။

အစိုးရပိုင် ကျောက်မီးသွေးထုတ်လုပ်ရေးလုပ်ငန်း Coal India Ltd (CIL) ၏ အစိုးရထံစာရင်းသွင်းထားသော ကျောက်မီးသွေးထုတ်လုပ်မှုတိုးတက်သည့်နှုန်းမှာ ၁၁.၄၄% ရှိခဲ့သည်။
Coal India သည် ပြီးခဲ့သည့်တတိယ ၃ လပတ် – Q3 ၏ ရလဒ်များကို ရက်ပိုင်းအတွင်းထုတ်ပြန်ခဲ့ပြီး အမြတ်ငွေမှာ ၇၀% အထိ မြင့်တက်ခဲ့ကြောင်းဖေါ်ပြခဲ့သည်။

ယင်းအပြင် SCCL မိုင်းတွင်းများဟုခေါ်ဆိုသည့် အိန္ဒိယစွမ်းအင်ဌာနအောက် လုပ်ငန်းလည်ပတ်သည့် ကျောက်မီးသွေးတူးဖေါ်ရေးများမှာ ၁၃.၉၃% တိုးတက်ခဲ့ပြီး ကုမ္ပဏီများပိုင်ဆိုင်သော captive mines တူးဖေါ်ရေးများမှာမူ အားလုံးအထဲတွင် အမြင့်ဆုံးအဖြစ် ၂၂.၈၉% တိုးတက်မှုရှိခဲ့သည်။

အိန္ဒိယ၏အကြီးဆုံး ကျောက်မီးသွေးတူးဖေါ်ရေး လုပ်ငန်းခွင် ၃၇ နေရာတွင် ၂၈ နေရာမှာ ထုတ်လုပ်နိုင်စွမ်း၏ ၁၀၀% ကျော်အောင် ထုတ်လုပ်နိုင်ခဲ့သည်ဟု သိရသည်။
အစိုးရပိုင်ပင်ဖြစ်သော Coal India ၏ တတိယ ၃ လပတ် အမြတ်ငွေ ၇၀% မြင့်တက်မှုသည် အသားတင်အမြတ် ရူပီး ကုဋ္ဋေ ၇,၇၅၅ ရှိသည်ဟု သိရသည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: Coal India, SCCL Mines, BQ Prime, Mint, Economic Times: India Times
Image: BBC Business

%d bloggers like this: