ပြီးခဲ့တဲ့ ဇွန်အစောပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဟိမဝန္တာတောင်တန်းနားက နယ်စပ်မှာ အိန္ဒိယနဲ့ တရုတ်စစ်တပ်တို့ နှစ်ဘက်ထိတွေ့မှုတွေရယ်၊ လတ်တလော တရုတ် ဆိုရှယ်မီဒီယာတွေကို အိန္ဒိယက ပိတ်ပင်မှုတွေရယ်ဟာ နှစ်နိုင်ငံရဲ့ ကုန်သွယ်မှု လမ်းကြောင်းတွေကို ဆိုးဆိုးရွားရွားထိခိုက်နေတာပါ။ တရုတ်ကတင်သွင်းလာတဲ့ ကုန်ပစ္စည်းတွေဟာ အိန္ဒိယရဲ့ ဆိပ်ကမ်းတွေမှာသောင်တင်နေပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေရဲ့ အကောက်ခွန်လုပ်ငန်းစဉ်တွေဟာ အရင်ထက်ပို ကြန့်ကြာနေပါတယ်။ အိန္ဒိယရဲ့ နာမည်ကျော် ဆေးဝါထုတ်လုပ်ရေး ကုမ္ပဏီအများစုနဲ့ မိုဘိုင်းဖုန်းထုတ်လုပ်ရေး လုပ်ငန်းတွေဟာ တရုတ်က တင်သွင်းလာတဲ့ ကုန်ကြမ်းတွေကို မှီခိုနေရတာဖြစ်ပြီး ခုချိန်မှာတော့ ပစ္စည်းတွေကို အစိုးရက ယာယီဟန့်တားထားတဲ့ သဘောမျိုးဖြစ်နေပါတယ်။
အိန္ဒိယဆေးဝါးထုတ်လုပ်သူများအသင်း ဥက္ကဋ္ဌကတော့ အကောက်ခွန်က အရာရှိတွေဟာ တင်သွင်းလာတဲ့ ကုန်ပစ္စည်းတွေကို ဘာကြောင့် ထိန်းသိမ်းထားတယ်ဆိုတာ လုံလောက်တဲ့ အကြောင်းပြချက်သူတို့ကို မပေးခဲ့ပါဘူးလို့ ပြောပါတယ်။ သူကပဲ ဆက်ပြီး ဒီကုန်ကြမ်းပစ္စည်းတွေဟာ တရုတ်နိုင်ငံက လွဲရင် ဘယ်နိုင်ငံကမှ တင်သွင်းလို့ လွယ်ကူတာမဟုတ်လို့ အသင်းသားတွေရဲ့ ကိုယ်စား အာဏာပိုင်တွေကို အကြောင်းကြားစာပေးပို့ထားပြီးပြီလို့လည်း သိရပါတယ်။ တကယ်လို့ ဒီကုန်ကြမ်းတွေသာ စက်ရုံတွေကို အချိန်မီမရောက်ရင် စက်ရုံတွေ အကုန်လုံးဟာ ပိတ်သိမ်းရတော့မယ်ဆိုတာ သူတို့သိသွားအောင်ပါလို့ ပြောပြပါတယ်။
အိန္ဒိယစီးပွားရေးလုပ်ငန်းရှင်တွေဟာ ဒီလိုမျိုး ကုန်သွယ်ရေး တင်းမာမှုတွေကြောင့် ကျွဲနှစ်ကောင်ခတ်တဲ့ကြားကမြေစာပင် ဖြစ်တဲ့အဖြစ်မျိုးဖြစ်လာမှာ စိုးရိမ်နေကြပါတယ်။ အစိုးရပိုင်းကလည်း နောက်ဆို တရုတ်ကဝင်လာတဲ့ ကုန်ပစ္စည်းတွေကို ပိုမို အခွန်စည်းကြပ်တော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ပြီးခဲ့တဲ့ ဇွန်လဆန်းက နယ်စပ်မှာဖြစ်ပွားခဲ့တဲ့ ထိတွေ့မှုမှာ အိန္ဒိယစစ်သား ၂၀ခန့် ကျဆုံးပြီး တရုတ်ဘက်ကလည်း အယောက်၅၀ခန့် ထိခိုက်ဒဏ်ရာရသွားခဲ့တာပါ။ တင်းမာမှုတွေအတွက် တွေ့ဆုံညှိုနှိုငးကြဖို့ အားလုံးကမျှော်လင့်နေပေမဲ့လည်း မနေ့က အိန္ဒိယ အစိုးရက တရုတ် Application ၅၉ခုကို နိုင်ငံတွင်း အသုံးပြုခွင့်ပိတ်လိုက်တာကြောင့် Cyber War ပါထပ်ဖြစ်လာဖို့ရှိနေပါတယ်။
ကူးယူဖော်ပြခွင့်မပြုပါ။
Source: Business Insider
Photo: CNN