0

အိန္ဒိယနိုင်ငံ မော်တော်ကားထုတ်လုပ်ရေးကဏ္ဍမှ အသင်းအဖွဲ့တွေစုပေါင်းပြီး essential service ခေါင်းစဉ်အောက်မှာ လုပ်ငန်းပြန်လည်ပတ်နိုင်ဖို့ တောင်းဆို

Share

       အိန္ဒိနိုင်ငံဟာ lockdown ကာလမစတင်ခင်မှာ lockdown အတွင်း ကာလအတွင်းမရှိမဖြစ်လုပ်ငန်း (essential service) အဖြစ်သတ်မှတ်ပြီး လည်ပတ်ခွင့်ပြုခဲ့တဲ့ လုပ်ငန်းတွေရှိပါတယ်။ ဆေးရုံ၊ ဆေခန်းတွေ၊ ဆေးဆိုင်တွေ၊ အစားအသောက်ဖြန့်ဖြူးရေး လုပ်ငန်းတွေ၊ ဘဏ်တွေ၊ သတင်းမီဒီယာတွေနဲ့ အင်တာနက်ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းတွေကို လည်ပတ်ခွင့်ပြုထားတာပါ။ ပြီးခဲ့တဲ့သောကြာနေ့ကတော့ နိုင်ငံတွင်းရှိ မော်တော်ကားထုတ်လုပ်ရေးကဏ္ဍတွေက အသင်းအဖွဲ့တွေ စုပေါင်းပြီး မော်တော်ကားထုတ်လုပ်ရေးလုပ်ငန်းတွေကိုလည်း essential service ခေါင်းစဉ်အောက်မှာ ပြန်လည်စတင်ခွင့်ပေးဖို့ ပြည်ထဲရေးဝန်ကြီးဌာနကို စာတင်ခဲ့တာဖြစ်ပါတယ်။ ဒီအဖွဲ့တွေမှာဆိုရင် မော်တော်ကားအစိတ်အပိုင်းပစ္စည်းထုတ်လုပ်ရေးအဖွဲ့တွေ၊ မော်တော်ကားထုတ်လုပ်သူအဖွဲ့တွေရယ် ကားအရောင်းပြခန်း ပိုင်ရှင်တွေပါဝင်ပြီးတော့ စာထဲမှာဆိုရင် မော်တော်ကားထုတ်လုပ်ရေး၊ ရောင်းဝယ်ရေး ကဏ္ဍတစ်ခုလုံးဟာ လုပ်ငန်းစတင်လည်ပတ်ဖို့ လိုအပ်တဲ့ Covid-19 ကာကွယ်ရေး စီမံချက်တွေ လုပ်ဆောင်ထားပြီးသွားပြီလို့ ပါရှိပါတယ်။
       စာထဲမှာနောက်ထပ်ပါဝင်တာကတော့ မော်တော်ကားထုတ်လုပ်ရေးလုပ်ငန်းကဏ္ဍကြီးဟာ သူ့ထဲမှာ လုပ်ငန်းပေါင်းမြောက်များစွာ အပြန်အလှန်အမှီသဟဲပြု ချိတ်ဆက်နေကြပါတယ်။ ကားထုတ်လုပ်ရေးစက်ရုံတွေဟာ သူ့ဆီကိုသွင်းတဲ့ ကားအစိတ်အပိုင်းထုတ်လုပ်ရေးလုပ်ငန်းတွေမရှိဘဲ လည်ပတ်လို့မရသလို ဒီဘက်က ကားအရောင်းပြခန်းတွေကို ပိတ်ထားပြီး ကားစက်ရုံတွေက ဒီတိုင်းလည်ပတ်ကာ ကားတွေဆက်ထုတ်နေမယ်ဆိုရင်လည်း ဂိုထောင်တွေထဲကားတွေ ပုံလာတာကလွဲရင် ဘာအဓိပ္ပါယ်မှမရှိပါဘူး။ ဒါကြောင့် သူတို့အနေနဲ့ အစိုးရကို essential service အဖြစ်ဖြေလျှော့ပေးဖို့ တောင်းဆိုတဲ့အခါမှာ ဒီကဏ္ဍအောက်မှာရှိတဲ့ ကွင်းဆက်လုပ်ငန်းတွေအကုန်လုံးကို ထည်သွင်းစဉ်းစားဖို့ အဆိုပြုထားတာဖြစ်တယ်လို့ ပါဝင်ပါတယ်။
       ဒီစာကို တင်သွင်းတာကတော့ Automotive Component Manufacturers Association of India (ACMA), the Society of India Automobile Manufacturers (SIAM) နဲ့ the Federation of Automobile Dealers Association (FADA) ဆိုပြီး အဖွဲ့(၃)ဖွဲ့ ပေါင်းကာတင်သွင်းတာဖြစ်ပါတယ်။ သူတို့တောင်းဆိုတဲ့ essential service ဆိုပြီးဖြေလျှော့ပေးဖို့ ခေါင်းစဉ်အောက်မှာ ကားဝပ်ရှော့တွေနဲ့ အစိုးရ ကားလိုင်စင်ထုတ်ပေးရေး ဌာနတွေပါပါတယ်။ အိန္ဒိယ ကားထုတ်လုပ်ရေးကဏ္ဍဟာ စီးပွားရေးကျဆင်းမှုနဲ့ ရင်ဆိုင်နေရတာ ၁၅လလောက်ရှိပြီဖြစ်ပြီး ခုနောက်ဆုံး ကိုရိုနာကပ်ရောဂါကတော့ နဂိုကျဆင်းနေတဲ့ စီးပွားရေးကို လောင်စာမြှင့်လိုက်သလို ဖြစ်သွားခဲ့တာပါ။ ဒီအကြပ်အတည်းကို တွန်းလှန်နိုင်ဖို့အတွက် ဒီကဏ္ဍအောက်မှာရှိတဲ့ လုပ်ငန်းစုံမြန်မြန်ပြန်လည်ပတ်မှ ဖြစ်တာကြောင့် အားလုံးစုပေါင်းပြီး တောင်းဆိုနေကြတာပဲဖြစ်ပါတယ်။ အိန္ဒိယ ကားထုတ်လုပ်ရေးကဏ္ဍဟာ ပုံမှန်အားဖြင့် ၁နှစ်ကို အသားတင်အမြတ်ငွေ ဒေါ်လာ ၁၂၀ဘီလီယံလောက်ရှိပြီး နိုင်ငံ GDP ရဲ့ ၇ရာခိုင်နှုန်းလောက်က ဒီကနေလာတာဖြစ်ပါတယ်။
ကူးယူဖော်ပြခွင့်မပြုပါ။
Source: The Economic Times
Photo: BBC

%d bloggers like this: